Uni
======
Hail The King
အပိုင်း(၁၁)ဘရွတ်မှာ ယခင်ရန်သူနှင့် ဘတစ်ပြန်ကျားတစ်ပြန်တိုက်ခိုက်နေတုန်းပင်။ထိုရန်သူမှာ ဖှေးသတ်လိုက်သော ကြယ်တစ်လုံးအဆင့်ရှိ ရန်သူနှင့် အလွန်တူ၏။ထိုနှစ်ယောက်အသုံးပြုသော လက်နက်နှင့် သိုင်းပညာမှာ အတူတူပင် ဖြစ်သည်။ဘရွတ်၏ အသွားနှစ်ဖက်ပါ ဓားနှင့် ယှဥ်လျှင် ထိုသူ၏ ဓားရှည်မှာ ပို၍ လျင်မြန်လေသည်။
"ဒီကောင့်ကို ငါဆက်ချလိုက်မယ် မင်းစစ်သားတွေကိုခေါ်ပြီး နံရံပေါ်မှာ ကျန်နေသေးတဲ့ ရန်သူတွေကို ဆက်ရှင်းလိုက်။" ဖှေး ဘရွတ်အား အော်ပြောလိုက်၏။
ဖှေး သူ၏ ပုဆိန်နှင့် ဘရွတ်တို့နှစ်ယောက်ကြား ဝင်လိုက်၏။ဖှေးဝင်လာမှုကြောင့် ရန်သူနောက်သို့ အနည်းငယ်ဆုတ်ကာ အခြေနေကိုသုံးသပ်နေသည်။
"သတိတော့ထား... စစ်သား ဒီခွေးမသားက တော်တော်ဉာဏ်များတယ်။"
ဘရွတ်သည် တော်ဝင်အစောင့်တပ်၏ ဒုတိယ ခေါင်းဆောင်ဖြစ်ပြီး နန်းတော်ထဲတွင် အာဏာရှိသော လူနည်းစုထဲဝင်ပါဝင်၏။သို့သော် ထို "သံမဏိလူသား"၏ သူရဲကောင်းဆန်သော လုပ်ရပ်များကို မြင်တွေ့ပြီးသောကြောင့် သူ၏အမိန့်များကို လိုက်နာရန် မတွံ့ဆုတ်ပေ။
"ထူးတော့ထူးဆန်းတယ်.. ငါအဲ့ချပ်ဝတ်ကို တစ်နေရာရာမှာမြင်ဖူးပါတယ်။" ဘရွတ်တွေးလိုက်၏။
သို့သော် ဆက်လက်စဥ်းစားနေရန် အချိန်မရှိသဖြင့် ချက်ချင်းပင် ချမ်းဘော့ဒ် စစ်သားများဘက်သို့လှည့်ကာ အမိန့်များ စတင်ပေးတော့သည်။
တစ်ဖက်မှာလဲ ဖှေးသည် ရန်သူအားတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေလေပြီ။
"[အမှတ်စဥ် ၂၀]ကို သတ်လိုက်တာ မင်းလား"
ရန်သူသည် ခန္တာကိုယ်အတွင်းရှိ စွမ်းအင်များကို အာရုံစိုက်ကာ မြန်သထက်မြန်အောင် လည်ပတ်စေနေသည်။သင့်တော်သော အချိန်တွင် ထုတ်လွှတ်ရန်အဆင်သင့်ဖြစ်နေပြီ ဖြစ်၏။
ဖှေး အမှတ်စဥ် ၂၀အား တစ်ချက်ထဲဖြင့် သတ်လိုက်သည်ကို မြင်တွေ့လိုက်ရသဖြင့် ရန်သူမှာ အတော်ပင် စိတ်လှုပ်ရှားနေသည်။သူသည် ဖှေး ပုဆိန်နှင့် တိုက်ခိုက်ရာတွင် အသက်ရှင်ခွင့်ရရန် အစွမ်းကုန်ထုတ် သုံးရမည်ဖြစ်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...