59

788 109 3
                                    

Uni
======
Hail The King
အပိုင်း(၅၉) "ဒူးထောက်ပြီး ငါ့ဖိနပ်ကိုနမ်းစမ်း"

ပါတီပွဲမှာ အရှိန်အမြင့်ဆုံးရောက်နေပြီဖြစ်သည်။

ဖှေး ဝိုင်ခွက်တစ်ခွက်ကိုကိုင်ပြီး စစ်သားများထံလမ်းလျှောက်သွား၏။ ထိုကဲ့သို့ ရက်စက်လှသော တိုက်ပွဲနှင့် တွေ့ကြုံရပါကမည်သူမဆို မွန်းကြပ်ပြီး ရူးခါနီးပင်ဖြစ်နိုင်သည်။ ထိုလူသန်ကြီးများအား ဝိုင်ကောင်းကောင်းနှင့် ချစ်ရသောအမျိုးသမီးတစ်ချို့မှလွဲ၍ ဘယ်အရာမှဖြေသိမ့်ပေးနိုင်မည်မဟုတ်ချေ။ ပီးရာ့စ် နှင့် ဒရော့ဂ်ဘာတို့နှစ်ယောက်လုံး ရေဇလုံခန့်အရွယ်အစားခွက်ကြီးများဖြင့် ရယ်မောကာ ဝိုင်သောက်နေကြ၏။ သူတို့၏ရယ်မောသံမှာ ရင်ပြင်ပေါ်တွင် ပဲ့တင်လျှက်ရှိသည်။ အိုလတ်ဂ်အပါအဝင် လူသန်ကြီးနှစ်ဆယ့်နှစ်ယောက်တို့မှာ ဖှေးအနောက်မှယုံကြည်စွာလိုက်၍ ရန်သူ့တပ်ထဲသို့ အသေခံအဖွဲ့ကဲ့သို့ရဲရင့်စွာ ချီတပ်တိုက်ခိုက်ခဲ့ကြသည်။ တံတားပေါ်တွင် မိမိကိုယ်ကိုစတေးခံလိုက်သော ဘရန်နိုမှလွဲ၍ ကျန်၂၂ယောက်မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြသော်လဲ နန်းတော်သို့အသက်ရှင်လျှက် ပြန်လာနိုင်ခဲ့ကြသည်။ ဘုရင့်ဘေးမှနေကာ အတူတကွတိုက်ခိုက်ခဲ့ကြသည့်အတွက် ထိုလူသန်ကြီးများကြားထဲတွင် သံမဏိကဲ့သို့ခိုင်မာသည့် ညီအကိုလိုခင်မင်ရင်နှီးမှုများပေါ်ပေါက်နေပြီဖြစ်သည်။

ရင်ပြင်၏ မြောက်ဘက်အခြမ်းတွင် ထိုညီအကိုများစုရုံးကာ ကျောက်စားပွဲကြီးများပေါ်တွက် ထိုင်လျှက် သောက်စားပျော်ပါးနေကြသည်။ တဈခြျို့မှာ အင်္ကျီချွတ်ပြီး နပန်းသက်နေကြသည်။ တစ်ချို့မှာ လက်မောင်းလှဲကာ ခွန်အားခြင်းပြိုင်ဆိုင်နေကြသည်။ တစ်ချို့မှာ အမျိုးသမီးများဖြင့် ကခုန်နေကြသည်။ ယခင်ကစစ်သားများ၏ မုန်းတီးခြင်းကိုခံခဲ့ရသည့် အိုလတ်ဂ်ပင်လျှင် သေစေနိုင်သည့်တာဝန်ထမ်းဆောင်ပြီးပြန်လာချိန်တွင် စစ်သည်တော်တော်များများ၏ လေးစားမှုကိုရရှိနေပြီဖြစ်သည်။

"ငါတို့ရဲ့ ညီအကိုတွေအတွက် ချီးယားစ်" ဖှေးဝိုင်ခွက်ကိုကိုင်မြောက်ပြီး ပြောလိုက်သည်။

Hail the king(1-200)Where stories live. Discover now