171

610 58 5
                                    

Uni
=======
Hail The King
အပိုင်း(၁၇၁)

"ကစားပွဲပြီးသွားပြီ...ငါမင်းတို့ကို ရွေးချယ်စရာနှစ်ခုပေးမယ် အရှူံးပေးပြီးတော့ တောင်းထားတဲ့ ငွေပေးမလား...အသေခံမလား..."

ဘုရင်ကိုးပါးနှင့် ဆယ်ကိုက်ခန့်အကွာသို့ရောက်သည့်အခါတွင် ဖှေး ဘလက်ကီကို ရပ်ခိုင်းလိုက်သည်။ သူ၏ နွေးထွေးသော အပြုံးမှာ နတ်ဆိုးတစ်ကောင်၏ အပြုံးကဲ့သို့ ခံစားရပြီး သူ၏ ညင်သာသောအသံမှာ ဘုရင်ကိုပါးအတွက် ငရဲပြည်မှ သံစဥ်ကဲ့သို့ပင်။ အခိုက်တန့်တစ်ခုကြာအထိ သူ့အား မည်သူမျှ မျက်လုံးခြင်းဆုံကာ မကြည့်ရဲကြချေ။ သို့သော် ဖှေး၏ အနောက်တွင်ရှိသော ကြောက်လန့်နေသည့် စစ်သည်များသည် ပြန်လည်သတိရလာကြပြီး တစ်စုံတစ်ခုကို ရိပ်မိကာ သူတို့၏လက်နက်များကို တင်းကြပ်စွာဆုပ်ကိုင်ပြီး ဖှေး၏လမ်းကို အနောက်မှနေ၍ မသိမသာ ပိတ်လိုက်ကြသည်။

"သူ့ကို သတ်လိုက်စမ်း...."

ချီရှူအီတိုင်းပြည်၏ ဘုရင်မှာ အခွင့်ရေးကိုမြင်သောအခါ သူ၏ သက်တော်စောင့်တစ်ယောက်ကို အော်ကာ အမိန့်ပေးလိုက်၏။

ဇီးနစ်အင်ပါယာမှ နန်းတက်ပေးထားသည့် ဘုရင်တစ်ပါးကို သတ်ဖြတ်ခြင်းမှာ အင်ပါယာ၏ ဥပဒေကိုချိုးဖောက်ရာကျပြီး ပြသနာတက်စေမည်ဖြစ်သည်။ အင်ပါယာသည် အဖွဲ့ဝင်နိုင်ငံများအကြားတွင် အခြင်းများတိုက်ခိုက်မှုတို့ကို ခွင့်ပြုထားသော်လည်း ဘုရင်တစ်ပါးကို သတ်ဖြတ်ခြင်းကိုမူ ခွင့်ပြုခြင်းမရှိပေ။ သို့သော် ချီရှူအီတိုင်းပြည်၏ ဘုရင်မှာ မင်းသားနှစ်ပါးက မျက်စိကျနေကြသည့် မီးနတ်ဘုရားသံမဏိတပ်ဖွဲ့ကို ပိုင်ဆိုင်ထားသည့်အတွက် အနည်းငယ်ဘဝင်မြင့်နေ၏။ ထို့အပြင် ဥပဒေများ စည်းမျဥ်းများသည် စွမ်းအားကြီး မှော်ဆရာများ၊ စစ်သည်များ၏ရှေ့တွင် ဘာမှမဟုတ်ချေ။ ဇီးနစ်အင်ပါယာ၏ ဥပဒေများမှာလည်း လွန်ခဲ့သည့် နှစ်တစ်ရာခန့်ကလောက် တင်းကြပ်ခြင်းမရှိတော့ပေ။ အဆင့်၃အဖွဲ့ဝင်နိုင်ငံတစ်ခုအတွက် မြို့တော်စိန့်ပီတာစဘာ့ရှိ ဆွေကြီးမျိုးကြီးများ၊ ဆုံးဖြတ်ချက်ချသူများကို လာဘ်ထိုးရန်အတွက် ပိုက်ဆံအလုံအလောက်ရှိပါက အဆင့်၆အဖွဲ့ဝင်တိုင်းပြည်ငယ်လေးမှ ဘုရင်တစ်ပါးကို သတ်ဖြတ်ရန်မှာ ပြသနာမရှိလှပေ။ တကယ်တန်းတွင် ချီရှူအီတိုင်းပြည်သည် လာဘ်ထိုးရန်ပိုက်ဆံအလုံအလောက်သာရှိပါက အင်ပါယာဥပဒေကို ချိုးဖောက်၍ ဘုရင်အနည်းငယ်ကို သတ်ဖြတ်ရန်မှာ ပြသနာမရှိလှချေ။ လှံဒိုင်းကာ ခြေလျင်တပ်တစ်ခုလုံးအား ဆုံးရှုံးပြီးသည့်အချိန်တွင် ချီရှူအီတိုင်းပြည်ဘုရင်သည် အလွန်ဒေါသထွက်နေပြီဖြစ်သည်။

Hail the king(1-200)Where stories live. Discover now