34

814 91 2
                                    

Uni
======
Hail The King
အပိုင်း(၃၄)

ဤအလုပ်မှာ အနည်းငယ်ပို၍ရှုပ်ထွေး၏။ပထမဦးစွာဖှေးသည် [မြေအောက်လမ်း]ကို ဖြတ်ကျော်ကာ [မှောင်မိုက်သော သစ်တော]အတွင်းတွင် မှော်စာလိပ်တစ်ခုအား လိုက်ရှာရမည်ဖြစ်သည်။ထို့စာလိပ်ရပါက သူတော်စဥ် အာကာရာထံသို့သွားရောက်ပြီး ထိုစာလိပ်ပါ စာများကိုဘာသာပြန်ခိုင်းရမည်ဖြစ်သည်။ စာလိပ်အား ဘာသာပြန်ပြီးပါက နံပါတ်စဥ်များရလာမည်ဖြစ်သည်။ထိုနံပါတ်စဥ်များအတိုင်း [ကျောက်တုံးထူထပ်သော လွင်ပြင်] ကျောက်တုံးငါးတုန်းအား အစဥ်လိုက်ထိကိုင်သွားပါက ဖှေးအား လျို့ဝှက်သောနေရာတစ်ခုသို့ ပို့ဆောင်ပေးနိုင်မည့် ပေါ်တယ်တစ်ခုပေါ်ပေါက်လာမည်ဖြစ်သည်။ ထိုနေရာသည် လူအိုကြီး ကိန်း ဖမ်းချုပ်ခံထားရသောနေရာဖြစ်ပြီး မကောင်းဆိုးဝါး များစွာ စောင့်ကြပ်နေလေ၏။လုပ်ငန်းပြီးမြောက်ရန် ဖှေးသည် ထိုနေရာရှိမကောင်းဆိုးဝါးများအား သုတ်သင်ပြီး ကိန်းအား ကယ်တင်ရမည်ဖြစ်သည်။

ထိုကိန်းအား ကယ်တင်သည့်အလုပ်မှာ ရှုပ်ထွေးသော်လည်း မူရင်း ဒိုင်ယာဘလိုဂိမ်းတွင်အရေးပါသောအလုပ်တစ်ခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မူရင်းဒိုင်ယာဘလိုဂိမ်းထဲတွင် ကိန်းအား ကယ်တင်ပြီးပါက ကစားသူအလိုရှိသည့်အချိန်တိုင်းတွင် ကိန်းအားဆင့်ခေါ်နိုင်မည်ဖြစ်ပြီး ကိန်းမှ နောင်လုပ်ရမည့် အလုပ်များအား ညွှန်ပြ ကူညီပေးမည်ဖြစ်သောကြောင့်ပင်။

ဖှေးအလုပ်အား မစတင်ခင် သူ၏ ပစ္စည်များနှင့် အလုပ်နှင့် ပတ်သက်သော အချက်အလက်များအား သေချာစွာ ပြန်လည်ကြည့်ရှုစစ်ဆေးသည်။

ဖှေး၏လက်ရှိအခြေအနေများအရ ထိုအလုပ်အားပြီးမြောက်ရန် အရမ်းခက်ခဲ လိမ့်မည်မဟုတ်ပေ။ အရာအားလုံးအဆင်ပြေ ချောမွေ့ပါက နှစ်နာရီအတွင်းပြီးမြောက်နိုင်မည်ဖြစ်သည်။ထိုသို့ဆိုပါက ဖှေးဒိုင်ယာဘလိုကမ္ဘာမှ ကန်ထုတ်ခြင်းမခံရမှီ ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ရန် အချိန်ရပေလိမ့်မည်။ ထို့ကြောင့်ဖှေး စာလိပ်အားရှာရန် ချက်ချင်းစတင်ထွက်ခွာလေသည်။

ဖှေးစခန်းမှမထွက်ခွာမှီသူ၏နောက်တွင် တိတ်ဆိတ်စွာလိုက်ပါနေသည့် အယ်လီနာအားကြည့်ကာ တစ်ခုခုကိုသတိရသွားသည်။ ထို့ကြောင့် အမျိုးသမီးပန်းပဲဆရာမ ချယ်စီထံသို့ပြန်သွားပြီး ရွှေဒင်္ဂါးတစ်ထောင်ခန့် အသုံးပြုကာ ခိုင်မာသော လေးတစ်ချောင်း၊ လယ်သာ ချပ်ဝတ်တစ်စုံနှင့် လယ်သာ ဖိနပ်တစ်ရံတို့အားဝယ်ယူလိုက်သည်။

Hail the king(1-200)Where stories live. Discover now