Uni
======
Hail The King
အပိုင်း(၈၈) "ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်များ"လူစီယာနို ဒူးထောက်ပြီး တောင်းပန်နေသည့်မြင်ကွင်းမှာ ချမ်းဘော့ဒ်တွင်နေထိုင်သူများအား အံ့သြထိတ်လန့်သွားစေသည်။
လမ်းဘေးနှစ်ဖက်တွင်ရှိနေသော လူအုပ်ကြီးမှာ အိမ်မက်မက်နေသကဲ့သို့ပင် ခံစားနေရသည်။ မဟာဘုရားကျောင်း၏ အရှိန်အဝါမှာအလွန်ပင်ကြီးမားပြီး ကြောက်စရာကောင်းသည်ကိုလူတိုင်းသိသည်။ မဟာဘုရားကျောင်းမှ အစောင့်ခွေးတစ်ကောင်၏အသက်သည် တိုင်းပြည်တစ်ပြည်မှ ဆွေကြီးမျိုးကြီးပုဂ္ဂိုလ်တစ်ယောက်၏ အသက်ထက်ပင် တန်ဖိုးရှိသည်။သို့သော် ယခုအချိန်တွင် မာနထောင်လွှားနေခဲ့သော မြင့်မြတ်သည့်သူရဲကောင်း လူစီယာနိုမှာ တုန်ယဥ်ပြီးဒူးထောက်ကာ အလတ်ဇန္ဒားထံတွင် ခွင့်လွှတ်ပေးရန်အသနားခံနေသည်ကိုတွေ့ရသည်။ ဘာတွေဖြစ်ကုန်တာလဲ.......
မြို့သူမြို့သားများ နားမလည်ဖြစ်နေသည့်အချိန်မှာပင် ပို၍ရူးသွပ်သည့်ကိစ္စတစ်ခု ဖြစ်ပျက်သွားသည်။
ရက်စက်ကြမ်းကြုတ်တတ်သော ခြေနှစ်ချောင်းနှင့် ခလောက်ဆံမြွေဇိုလာပင် ဒူးထောက်လိုက်ပြီးဖှေးထံသို့ လေးဘက်ထောက်သွားကာ ဖှေး၏ဖိနပ်ကို နမ်းလိုက်ပြီး တုန်ယဥ်နေသောအသံဖြင့်ပြောလိုက်သည်။ "ဂုဏ်သရေရှိသောဆရာ...ကျွန်တော်နှိမ်ချတတ်တဲ့ဇိုလာအရှင့်ရဲ့ ရက်ရောတဲ့ခွင့်လွှတ်ပေးမှုကို တောင်းဆိုပါတယ်.....ကျွန်တော်တို့အရှင့်ရဲ့ ဂုဏ်သရေရှိတဲ့ အချက်အလက်ကိုမသိခဲ့လို့ပါ...ကျွန်တော်တို့ တကယ်အပြစ်ရှိခဲ့ပါတယ်.....ကျွန်တော်တို့လိုနှိမ့်ကျတဲ့လူနှစ်ယောက်ကို ခွင့်လွှတ်ပေးတော်မူပါ....."
အခြွေအရံမြင်းစစ်သည်ရာပေါင်းများစွာနှင့် ပညာသင်သူတော်စဥ်များလည်း ထိတ်လန့်အံ့သြကုန်ကြသည်။ သူတို့၏ဆရာနှစ်ယောက် ဂုဏ်သရေများကိုစွန့်လွှတ်ပြီး ဒူးထောက်ကာအသည်းအသန်ခွင့်လွှတ်ပေးရန်တောင်းပန်နေကြပုံကိုတွေ့သော် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ စက္ကန့်အနည်းငယ်ခန့်တွံ့ဆုတ်ပြီးနောက်တွင် ဇိုလာနှင့် လူစီယာနိုတို့၏ပုံစံအတိုင်း ဒူးထောက်တောင်းပန်လိုက်ကြတော့သည်။
YOU ARE READING
Hail the king(1-200)
AventuraFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...