114

578 80 1
                                    

Uni
=======
Hail The King
အပိုင်း(၁၁၄)

ထိုအချိန်တွင် အပြင်တွင်ရှိနေကြသောအစောင့်များ အထဲသို့ပြေးဝင်လာကြသည်။

အဆောက်ဦးအတွင်းတွင် ဖြစ်ပျက်နေသည့်အသံများမှာ ကျယ်လောင်သောကြောင့် အပြင်ရှိစစ်သည်များ သတိထားမိသွားပုံရ၏။ ခြေလှမ်းအသံများသည် ပို၍ပို၍သိပ်သည်းစပြုလာပြီး အစောင့်မျာစရေလှိုင်းကဲ့သို့ပြေးဝင်လာကြသည်။ သူတို့ဖှေးကို ဝိုင်းလိုက်ကြပြီး သူတို့၏ချွန်မြနေသော လက်နက်များဖြင့် ရွယ်လိုက်ကြ၏။

ဤမြင်ကွင်းတစ်ခုလုံးသည် ပန်းပွင့်ကြီးတစ်ပွင့်ကဲ့သို့ပင် ဖှေးနှင့် ခွေးကြီးမှာ ပန်းပွင့်အလည်မှ အူတိုင်ဖြစ်ပြီး အစောင့်များမှာပွင့်ဖက်များကဲ့သို့ပင်။

ဖောက်ထွင်းဝင်ရောက်လာသူများအား ဝိုင်းထားလိုက်ပြီးဖြစ်သော်လဲ အဆောက်ဦးအတွင်းရှိလူများလုံခြုံသွားသလို မခံစားရသေးပေ။ အထူးကာကွယ်ခြင်းခံထားရသည့် ဝတ်ကောင်းစားလှများနှင့် ခပ်ချောချောလူငယ်အပါအဝင်ပင်။ ဖှေးထံမှ ထုတ်လွှင့်နေသောစွမ်းအင်များအရ ဤကဲ့သို့အစောင့်များဖြင့်ပင် ဖှေးနှင့် ခွေးနက်ကြီးကို တားဆီးနိုင်မည်မဟုတ်သေးကြောင်းကို ခံစားမိကြသည်။

"ဝုတ် ဝုတ် ဝုတ်"

ခွေးကြီးလည်း သခင်၏ဆန္ဒနှင့်အညီ ဟိန်းဟောက်လိုက်သည်။ ခန်းမအတွင်းမှ လူများမှာ ထိုခွေးကြီး ပါးစပ်မှမီးတောင်များထွက်လာတော့မလားဟုပင် ထင်မှတ်နေရ၏။

"ဒီမှာတာဝန်ရှိတဲ့လူ ဘယ်သူလဲကွ...ရှေ့ထွက်ခဲ့စမ်းကွာ...."

ဤနေရာတွင် သူနဲ့သိသည့်သူတစ်ယောက်မျှ မတွေ့ရသဖြင့် ဖှေးထင်တိုင်းကြမ်းနေခြင်းဖြစ်သည်။ ဘုရင်တစ်ပါး၏ ဟန်ပန်အမူအယာကိုလုံးဝမတွေ့ရတော့ချေ။ ဟားရှ်ဇန်း၏ ခေါင်းပေါ်အား ခြေထောက်တင်ကာ ပြုမူနေသည့်ပုံမှ သူပုန်တစ်ယောက်ကဲ့သို့ပင်။

"အဟွတ် အဟွတ် အဟွတ်... ဟိုဟာ...အရှင်မင်းကြီး.." ခနတာ တိတ်ဆိတ်သွားပြီးနောက်တွင် တစ်စုံတစ်ယောက်၏အသံထွက်ပေါ်လာသည်။

"မင်း ငါနဲ့လာဆက်ဆံမနေနဲ့ ငါကမငျးတျို့ရဲ့ ဘုရင်မဟုတ်ဘူး..." ဖှေး ထိုပုဂ္ဂိုလ်၏ စကားကိုချက်ချင်းပင်ဖြတ်ပြောလိုက်သည်။ "မင်းတို့တွေ ငါ့ကိုသတ် ဖို့လူလွှတ်လိုက်တာ ငါ့ကို ဘုရင်လို့မသတ်မှတ်လို့ပဲ..." ဟု ဖှေးစိတ်ထဲတွင် တွေးလိုက်မိသည်။ သူထက်မံ ဆဲဆိုရန်ပြင်လိုက်သည့်အချိန်တွင် သူထိုအသံအား ရင်းနှီးနေသလိုရှိမှန်း ရုတ်တရက်ခံစားလိုက်ရ၏။ ဒီအသံက တစ်ယောက်ယောက်အသံနဲ့တူနေတယ်....ဟမ်

ဖှေး အနည်းငယ်အံ့သြသွားသည်။

Hail the king(1-200)Where stories live. Discover now