Uni
======
Hail The King
အပိုင်း(၅၇) "လျို့ဝှက်ထူးဆန်းသည့် အမျိုးသမီး"ဘတ်စ်မှာ ကြောက်လန့်သဖြင့် သူ၏မျက်လုံးများကို မှိတ်ထား၏။ လေပေါ်ဝဲနေခိုက်တွင် သူ့နားထဲသို့လေးတိုးသံများကြောင့် မျက်လုံးဖွင့်ကြည့်ရာ ခြေထောက်အောက်ရှိ မြစ်ရေပြင်ပေါ်မှ မြူများကိုတွေ့ရသဖြင့် အံ့သြသွားသည်။ ထိုအချိန်တွင် အလတ်ဇန္ဒားသည် ၁၇ကိုက်ခန့်ရှည်ရှိသော တံတားပြတ်ကို ခုန်ကျော်လိုက်ခြင်းဖြစ်ကြောင်း သူသိရှိသွား၏။ "ဒါဘယ်လိုစွမ်းအားမျိုးပါလိမ့် အနည်းဆုံးကြယ်နှစ်လုံးအဆင့်လောက်တော့ ရှိမယ်ထင်တယ် ဘယ်အချိန်ကစပြီး အလတ်ဇန္ဒားမှာ ဒီလိုစွမ်းအားတွေရှိနေခဲ့တာလဲ...."
ဘတ်၏ ခေါင်းထဲတွင် မေးခွန်းများစွာပေါ်ပေါက်လာသည်။
နန်းတော်မှထွက်လာသည့်အချိန်တွင် ကြီးမားသည့်အကြောင်းအရာတစ်ခုနှင့် လွဲလိုက်ရသလို ခံစားလိုက်ရ၏။
"ဘုန်း"
သူတို့နှစ်ယောက်လုံး တံတား၏မြောက်ဘက်အခြမ်းတွင် ဆင်းသက်လိုက်သည်။
အန်ဂျယ်လာမှာ ပျော်ရွှင်စွာဖြင့်ပြေးလာပြီး ဘတ်စ်၏ လက်မောင်းများအတွင်းသို့ ခုန်ဝင်လိုက်သည်။
"အဖေ.... အဖေပြန်လာမယ်ဆိုတာကို သမီးသိတယ်.....""ဟုတ်တာပေါ့ သမီးရယ်၊ သမီးက အဖေ့အသက်ထက်ကိုအရေးကြီးတာကိုး" ဖခင်ဆန်သောအပြုံးတစ်ခု ဘတ်စ်၏ မျက်နှာတွင်ပေါ်ပေါက်လာပြီး အန်ဂျယ်လာ၏ နဖူးအား နမ်းလိုက်သည်။
သို့သော် ပီးရာ့စ်အပါဝင်၊ မြို့သားများနှင့် စစ်သားများမှာ ဘတ်စ်အား နှာခေါင်းရှုံ့နေကြသည်။
သူတို့၏မျက်လုံးထဲတွင် လောဘကြီးသောအဖိုးကြီးမှာ ယူဆောင်သွားသည့် ရတနာများကုန်သဖြင့် ချမ်းဘော့ဒ်သို့ပြန်လာပြီး နောက်ထပ်ထက်မံလာရောက်ယူဆောင်သည်ဟုသာ မြင်နေကြ၏။ ဘုရင့် အိမ်တော်ထိန်း ဘတ်စ်၏ ငွေမက်ပုံအား ချမ်းဘော့ဒ် မြို့သားများသာမက ချမ်းဘော့ဒ် တိုင်းပြည်ထဲတွင်ဝင်ထွက်သွားလာလေ့ရှိသော ကုန်သည်များပင် သိရှိကြသည်။
ထိုကဲ့သို့ အေးစက်သောအကြည့်များနှင့် မျက်နှာအမူအရာများကို ဘတ်စ်သတိထားမိသည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...