Uni
=========
Hail The King
အပိုင်း(၁၆၉)ဤအခိုက်တန့်တွင် ပူးပေါင်းတပ်ဖွဲ့မှာ ချမ်းဘော့ဒ်တပ်ဖွဲ့ နှင့် ၁၀ကိုက်မျှပင် နီးကပ်လာနေပြီဖြစ်ပြီး ဆက်လက်ချီတပ်လာနေကြသည်။ ချမ်းဘော့ဒ်၏ ဥပဒေပြုအရာရှိများမှာ အေးဆေးပင်ရပ်နေကြ၏။ သူတို့၏ လက်နက်များနှင့် ဒိုင်းကာများကိုပင် တင်းတင်းကြပ်ကြပ်ကိုင်တွယ်ထားခြင်းမရှိပေ။ သတိထားနေသော်လည်း သူတို့ထံသို့ ရက်စက်ကြမ်းကြုတ်သည့် အမူအယာဖြင့် ချီတပ်လာနေသော တပ်ဖွဲ့ကြီးအားစိတ်ထဲတွင် ရှိပုံမရချေ။
"သူတို့တွေကို အကုန်သတ်ပစ်ကြစမ်း...."
ပူးပေါင်တပ်ဖွဲ့မှာ အောင်မြင်မှုကိုမြင်လိုက်ရသည်။ မြေစွမ်းအင်သုံးစစ်သည်မှာ သူ၏လက်မောင်းကိုမြှောက်ကာ သူ၏အပေါင်းအပါများ၏ စိတ်ဓာတ်အား မြှင့်တင်ရန်အတွက် အော်ဟစ်လိုက်၏။
သို့သော် ဤအခိုက်တန့်တွင် ထူးဆန်းသည့် အခြေအနေတစ်ခုထွက်ပေါ်လာသည်။
တိမ်များကင်းစင်နေသည့် ကောင်းကင်ပြာကြီးမှာ အရောင်အသွေးများစွာဖြင့် လင်းလက်သွား၏။ ကောင်းကင်ပေါ်တွင် နေပေါင်းများစွာထွက်ပေါ်လာသကဲ့သို့ပင်။
တစ်စုံတစ်ခုကို အာရုံခံလိုက်မိသကဲ့သို့ မြေစွမ်းအင်သုံးစစ်သည်သည် အပေါ်သို့ အံ့သြစွာဖြင့် မော့ကြည့်လိုက်၏။ သို့သော် သူ၏ အပြုံးမျက်နှာပေါ်တွင် ကြာကြာမနေရသေးခင်မှာပင် သူမြင်တွေ့လိုက်ရသည့်အရာကြောင့် တစ်ခါမှမကြုံဖူးသေးသည့် ထိတ်လန့်မှုမျိုးသည် သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွား၏။ သူ၏မျက်နှာပေါ်တွင်ရှိသော ကြောက်လန့်နေသည့်အမူအယာသည် ပိုမိုထင်ရှားလာပြီး အော်ဟစ်လိုက်သည်။
"အား........"
"ဖုန်း....."
"ချွတ်...."
"ဝှစ်..."
တစ်စက္ကန့်အကြာတွင် ထိုရောင်စုံအလင်းရောင်များမှာ မြေပြင်ပေါ်သို့ ကျဆင်းလာတော့၏။ ဤသည်မှာ ကြောက်မက်ဖွယ်ဖြစ်ရပ်ဆိုးကြီးတစ်ခု၏ အစပင်။ ပြင်းထန်သော ပေါက်ကွဲမှုများ၊ ကောင်းကင်မှ အရှိန်းပြးစွာကျလာသော ရေခဲချွန်များနှင့် မိုးသီးများ၊ ထိတ်လန့်ဖွယ် လျှပ်စစ်မိုးကြိုးများ၊ အဆိပ်စွမ်းအင်များသည် ချီတပ်နေသော ပူးပေါငျးတပျဖှဲ့ကျို ချက်ချင်းပင် လွှမ်းခြုံသွား၏။ ကောင်းကင်မှပြုတ်ကျလာသော မီး၊ မိုးကြိုးလျှပ်စစ်၊ ရေခဲနှင့် အဆိပျတျို့သညျ ပြင်းထန်စွာထိခိုက်စေပြီး အသက်ပေါင်းများစွာကို ချွေယူသွား၏။ နာကြင်စွာအော်ဟစ်သံများနှင့် ဝမ်းနည်းစွာငိုကြွေးသံများသည် စစ်မြေပြင်ပေါ်တွင် တစ်ခုပြီးတစ်ခု ဟိန်းထွက်နေ၏။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...