Uni
=======
Hail The King
အပိုင်း(၁၁၈)ဖှေး နှင့်ထောင်မှူး အိုလတ်ဂ်တို့ အနောက်ဘက်တောင်တန်းများတွင်ရှိသော တားမြစ်နယ်မြေသို့ရောက်လာကြသည်။
ကံကောင်းထောက်မစွာပင် ဖောက်ထွင်းဝင်ရောက်သူသည် မွအေောကျလိုဏျဂူမြားထဲသျို့ ဝင်သည့် ဝင်ပေါက်နေရာအား အတိအကျသိပုံမရချေ။ ဖောက်ထွင်းဝင်ရောက်သူမှာ အနောက်ဘက်တောင်တန်းများတွင်သာ လျှောက်ရှာဖွေနေခဲ့ခြင်းဖြစ်သည်။ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့နှင့် တွေ့ရှိပြီးခနတာတိုက်ခိုက်ပြီးနောက်တွင် အလျှင်မြန်ဆုတ်ခွာသွားခဲ့သည်။ ချမ်းဘော့ဒ်တွင် သေဆုံးမှုနှင့် ဆုံးရှုံးမှု တစ်စုံတစ်ရာမရှိခဲ့ပေ။
"အဲ့လူက အမဲရောင်ဝတ်ရုံနဲ့ ပြီးတော့မျက်နှာကိုလည်းဖုံးထားတယ် ညကလဲမှောင်နေတော့ ကျွန်တော် ဘယ်သူလဲသိပ်မမြင်လိုက်ရဘူး...အဲ့လူက တော်တော်လဲသန်မာတယ် ကျွန်တော်တို့အနားတောင် မကပ်လိုက်နိုင်ဘူး...သူ့ကြည့်ရတာလဲ ပြသနာမဖြစ်ချင်တဲ့ပုံပဲ ဘယ်သူ့ကိုမှလဲ သတ်ဖြတ်ဖို့အစီစဥ်ရှိပုံမရဘူး...ကျွန်တော်တို့နဲ့ ခနတိုက်ခိုက်ပြီး ပြန်ဆုတ်သွားတော့တာ...သူကတစ်ခုခုလိုက်ရှာနေပုံရတယ်..."
ပီးရာ့စ်အပါအဝင် အစောင့်စစ်သည်များသည် သူတို့၏ မျက်နှာတွင် ရှက်ရွံ့သောအမူအယာဖြင့် မနေ့ညက ဖြစ်ပျက်ခဲ့သမျှကိုဖှေးအားပြောပြနေကြသည်။ ဖှေးဂရုတစိုက်နားထောင်နေပြီး နောက်ဆုံးတွင် စိတ်အေးသွားသည်။
ဖောက်ထွင်းဝင်ရောက်လာသူမှာ ကြယ်အဆင့်စစ်သည်တစ်ဦးဖြစ်သည်မှာ ထင်ရှားသည်။ အစောင့်စစ်သည်များသည် တိုက်ပွဲအတွေ့ကြုံနှစ်ပေါင်းများစွာရှိသော်လည်း ထိုရန်သူနှင့် မရင်ဆိုင်နိုင်ခဲ့ကြချေ။ ကံကောင်းစွာပင် ဖောက်ထွင်းဝင်ရောက်သူမှာ အနည်းငယ်တိုက်ခိုက်ပြီး ထွက်ပြေးသွားသည်။ အစောင့်များ လိုက်ဖမ်းနိုင်ရန်ကြိုးစားကြသော်လဲ ဖောက်ထွင်းဝင်ရောက်သူ၏ ဆံပင်တစ်မျှင်ပင်မရလိုက်ကြချေ။
"ဟုတ်ပြီ.. ဒီလောက်ဆို ငါနားလည်ပြီး...မင်းတို့လဲကိုယ့်နေရာကိုယ်ပြန်ကြတော့...ဒီကစပြီး ပိုပြီး သတိကြီးကြီးထားကြ...."
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...