Uni
======
မHail The King
အပိုင်း(၈၇) "ကျေးဇူးပြု၍ ခွင့်လွှတ်ပေးပါအရှင်မင်းကြီး""အား အလတ်ဇန္ဒား...."
အန်ဂျယ်လာတစ်ဖက်သို့လှည့်ကြည့်လိုက်ပြီး သူမ၏အနောက်သို့ရောက်လာသောလူကိုတွေ့ရသော် အံ့သြကာအော်လိုက်သည်။ သူမ၏ မျက်လုံးများကြည်လင်သွား၏ သူမ၏စိတ်ထဲတွင် ဖိစီးနေခဲ့သော စိုးရိမ်စိတ်များလည်း ပပျောက်သွားပြီဖြစ်သည်။
အန်ဂျယ်လာ၏ ဘေးတွင်ရပ်နေသော လမ်းပါ့ဒ်လည်း အသက်ပြင်းစွာရှူထုတ်လိုက်ပြီး သူ၏နောက်ကျောတွင်ရှိသော ဓားရိုးကိုတင်းကြပ်စွာ စုပ်ကိုင်ထားသောလက်များကို ဖြေလျှော့လိုက်သည်။ လမ်းဘေးတွင်ရှိသောလူများမှာလဲ အသံမထွက်ပဲ ကြိတ်ပြီးဝမ်းသာနေကြသည်။ သူတို့အားကိုးရာဖြစ်သည့် ဘုရင်အလတ်ဇန္ဒား ရောက်ရှိလာပြီဖြစ်သည်။ ဤလောကကြီးပေါ်တွင် ဘုရင်အလတ်ဇန္ဒားမဖြရှင်းနိုင်သည့်ကိစ္စဟူ၍မရှိဟု သူတို့အားလုံးခိုင်မာစွာယုံကြည်ကြသည်။
"ချိန်းကြိုးတွေကို အမြန်ဖြုတ်ပေးပြီးထွက်သွားတော့......"
ဖှေး အရပ်ပုပုဝဝနှင့် ပညာသင်သူတော်စဥ်အား စိုက်ကြည့်ပြီးပြောလိုက်သည်။
ပညာသင်သူတော်စဥ်မှာ မခံချင်ဖြစ်သွားသည်။ သို့သော် သူ၏အရှေ့တွင်ရှိသောလူမှာ အလွန်အန္တရာယ်ရှိသည့် လူဖြစ်ကြောင်းကို သူကောင်းစွာခံစားနေရသည်။ သူ၏မသိစိတ်များမှာ သူ့အားအမြန်ထွက်သွားရန် တိုက်တွန်းနေသည်။ သို့မဟုတ် ပါက ဖြစ်လာမည့်အကျိုးဆက်များမှာ ပြင်းထန်လိမ့်မည်ဖြစ်သည်။
စိတ်ညို့ခံလိုက်ရသကဲ့သို့ပင် အရပ်ပုပုနှင့် ခပ်ဝဝသူတော်စဥ်မှာ သူ၏လက်ထဲမှ ချိန်းကြိုးများကို လွှတ်လိုက်ပြီး ဆံပင်အညိုရောင်နှင့်ကောင်မလေးအား လွှတ်ပေးလိုက်တော့သည်။ သနားစရာကောင်းသောကောင်မလေးမှာ ကြောက်လန့်တုန်ယဥ်စွာဖြင့် ယုန်တစ်ကောင်ကဲ့သို့ ဖှေးအနောက်သို့ပြေးဝင်သွားတော့သည်။ အန်ဂျယ်လာမှာ ထိုကောင်မလေးအား ဆံပင်သပ်ပေးရင်း နှစ်သိမ့်ပေးနေ၏။
ဖှေး သူတို့၏ အရှေ့တွင် မတ်တပ်ရပ်နေသည်။ သူစကားတစ်ခွန်းမှမပြောပေ။ သူ၏မျက်နှာတွင်တည်ငြိမ်သောအမူရာဖြင့် ပတ်ဝန်းကျင်ကိုသာလှည့်ပတ်ကြည့်ရှုနေသည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...