Uni
======
Hail The King
အပိုင်း(၉၀) "မှော်တလင်းကျောက်များနှင့် ထူးဆန်းသည့်လူတစ်ယောက်"ဖှေး၏ လွန်ခဲ့သည့်အံ့သြဖွယ်လုပ်ဆောင်မှုများမှာ ဘရှတျတျို့ကိုသာ ဖိအားများရှိစေခဲ့သည်မဟုတ်ပေ။ ဉာဏ်ကောင်းပြီး လှပသော အန်ဂျယ်လာကိုလည်း သူနှင့်ဖှေးအကြားတွင် အကွာဝေးတစ်ခုပို၍ပို၍ ကျယ်ပြန့်လာသကဲ့သို့ခံစားနေရသည်။ ထို့ကြောင့်သူမသည် အလတ်ဇန္ဒားအတွက် အသင့်လျှော်ဆုံးသောလက်တွဲဖော်ဖြစ်ရန်အတွက် တိတ်တဆိတ်ကြိုးစားနေခဲ့ခြင်းဖြစ်သည်။
အလတ်ဇန္ဒား ဉာဏ်ရည်မမှီသည့်အချိန်က လူတိုင်းသည်အလတ်ဇန္ဒားနှင့် စေ့စပ်ထားရသည့်အန်ဂျယ်လာအား ဝိုင်းဝန်းသနားကြရသည်။ သို့သော် ယခုအချိန်တွင်မူ အခြေအနေများသည် တဖြည်းဖြည်းပြောင်းပြန်ဖြစ်လာသလိုခံစားနေရသည်။
အလတ်ဇန္ဒားသည်ပုံမှန်ပြန်ဖြစ်လာသည်သာမဟုတ်ပေ။ မစဥ်းစားနိုင်သောနှုန်းဖြင့်ပင် တစ်နေ့တစ်ခြားပို၍သန်မာလာပြီး အစွမ်းထက်လာခဲ့သည်။ တစ်လမပြည့်ခင်မှာပင် သူသည် ချမ်းဘော့ဒ်တိုင်းပြည်၏ နံပါတ်၁စစ်သည်ဖြစ်သည့် ဖရန့်ခ်လမ်းပါ့ဒ်ထက်ပင် ပို၍အစွမ်းထက်သွားပြီဖြစ်သည်။ ထီးနန်းမှာ ပိုမိုခိုင်မြဲလာခဲ့ပြီး ချမ်းဘော့ဒ်ရှိလူတိုင်း၏ ရိုသေလေးစားမှုများကို ရရှိခဲ့တော့သည်။
သို့သော် အန်ဂျယ်လာမှာ ယခင်အတိုင်းပင် ကြင်နာတတ်ပြီး အပြစ်ကင်းစင်ကာ လှပသည့်ကောင်မလေးတစ်ယောက်သာဖြစ်နေဆဲပင်။ အနည်းငယ်လဲ အားနည်းသည်။ သာမန်ကိစ္စများဖြေရှင်းသည့်အချိန်မှလွဲ၍ အန်ဂျယ်လာ ထိုလူနောက်မှကျန်နေကဲ့သလိုခံစားနေရသည်။ သူမ ယခင်ကကဲ့သို့ သူ့အားကာကွယ်ပေးလို့မရတော့ချေ။ မိုးသည်းနေသောနေ့တွင်ရှိသောကောင်းမွန်သော ထီးတစ်လက်ကဲ့သို့ မိုးရွာတုန်းသာကောင်းကောင်းအသုံးပြုနိုင်ပြီး မိုးဆဲသွားသည့်အခါအသုံးမဝင်တော့သည့် ထီးတစ်ချောင်းကဲ့သို့ပင်။
ထို့ကြောင့် အန်ဂျယ်လာ သည်လည်း ယခုအချိန်အတွင်းတွင် သူမကိုယ်သူမပြုပြင်ပြောင်းလဲရန်အတွက် အသဲအသန်ကြိုးစားနေသည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...