Uni
=======
Hail The King
အပိုင်း(၁၆၄)မြှား အချောင်း၅၀သည် လူအယောက်၅၀၏အသက်ကို တိကျစွာပင် ခြွေယူသွားခဲ့သည်။
စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထူးဆန်းကာ အသက်ရှူမှားလောက်သည့် လေထုတစ်ခုသည် ချက်ချင်းပင်ကျရောက်လာသည်။
"ဒေါင်..."
ချီရှူအီတိုင်းပြည်၏ ဘုရင်သည် ပါးစပ်အဟောင်းသားဖြင့် သူ၏ လက်ထဲတွင်ကိုင်ဆောင်ထားသည့် ဓားပင်လွတ်ကျသွား၏။
"နတ်...နတ်...နတ်ဘုရားအဆင့်လေးသည်တော်တွေလား...သူတို့တွေအကုန်လုံးက နတ်ဘုရားအဆင့်လေးသည်တော်တွေလား..." တစ်စုံတစ်ယောက်မှာ စတင်အော်ဟစ်လိုက်သည်။
"မဟုတ်ဘူး ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
ပူးပေါင်းတပ်ဖွဲ့မှ ဘုရင်များ၊ ခေါင်းဆောင်များသည် ချက်ချင်းပင် ကြောများအေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့စီးနှင်းနေကြသော မြင်းများပင် သေခြင်းတရား၏ ခံစားချက်ကိုခံစားလိုက်ရသည်။ သူတို့အားလုံး ပျာယာခပ်ကာ အနောက်သို့ပြန်ဆုတ်ရန် ကြိုးစားနေကြ၏။ "ဒါက တော်တော်ရူးသွပ်တာပဲ...ဒီလောက်ရူးသွပ်တဲ့ဟာ ရှိသေးလို့လား...." သူ၏ စစ်သည်များအတွက် ချပ်ဝတ်လက်နက်ပစ္စည်းပင် လုံးလုံလောက်လောက်ဝယ်မပေးနိုင်သော တိုင်းပြည်သည် နတ်ဘုရားအဆင့်လေးသည်တော် အယောက်၅၀ရှိနေခြင်းမှာ လုံးဝပင်ယုံနိုင်ဖွယ်မရှိသောကြောင့်ပင်။
"ဖျောင်း ဖျောင်း...ဝှစ် ဝှစ် ဝှစ်"
လေးသည်တော်များသည် ပူးပေါင်တပ်ဖွဲ့မှ ဘုရင်များအား စဥ်းစားနေရန်အတွက် အချိန်သိပ်မပေးချေ။ မကြာမှီအချိန်တွင် လေးကြိုးတုန်ခါသံများ ဒုတိယအကြိမ်ထွက်ပေါ်လာကြပြီး ထိတ်လန့်အံ့သြနေကြသော ပူးပေါငျးတပျဖှဲ့မှခေါငျးဆောငျမြားကျို နိုးကြားသွားစေသည်။
"ချွတ် ချွတ် ချွတ်"
ပထမအကြိမ်မြှားများနှင့် ဒုတိယအကြိမ်မြှားများထဲတွင် ကွာခြားချက်မရှိလှချေ။ လေးကြိးြတုန်ခါသံ အချက်၅၀ကြားပြီးနောက်တွင် အသားနှင့် အရိုးများကိုထိုးဖောက်သွားသည့်အသံ အချက်၅၀ထွက်ပေါ်လာသည်။ ထိုအသံများမှာ စစ်မြေပြင်ပေါ်တွင်ရှိသည့် တခုတည်းသော ဆူညံသံများဖြစ်ပြီး သေခြင်းတအား၏ တေးသံပင်။ သေခြင်းနတ်ဘုရားသည် စစ်မြေပြင်အပေါ်တွင်ရှိနေပြီး အသက်များကို ကောက်ရိတ်သိမ်းသကဲ့သို့ ခြွေယူနေကြောင်း ပူပေါင်းတပ်ဖွဲ့မှ လူတိုင်းခံစားလိုက်ရသည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...