Uni
=======
Hail The King
အပိုင်း(၁၅၉)ဝေးလှခေါင်ဖျားပြီး ဆင်းရဲ့သည့်နိုင်ငံတစ်နိုင်ငံဟု ခေါ်ခြင်းခံရသော်လည်း တကယ့်လက်တွေ့တွင် ချမ်းဘော့ဒ်သည် လူအများထင်သကဲ့သို့ ဆင်းရဲမွဲခြောက်နေသည့် တိုင်းပြည်တစ်ခုမဟုတ်ပေ။ ဘေးပတ်ပတ်လည်တွင် အစိမ်းရောင်တောင်တန်းများ၊ ရေစီးသန်သော ဇူလီမြစ်တို့ ဝန်းရံနေလျက်ရှိပြီး အလွန်စည်ကားကာ၊လှပသည့် တိုင်းပြည်တစ်ခုဖြစ်သည်။
နေ့လည်ပိုင်း အချိန်ခံတပ်နံရံပေါ်တွင် စစ်သည်အဖွဲ့တစ်ခု ကင်းလှည့်ချက်ရှိသည်။ဇူလီမြစ်အကျော်ရှိ လွင်ပြင်တွင် မြက်ခင်းများသည် ဆောင်းဦးရာသီဖြစ်သောကြောင့် အဝါရောက်သို့ပြောင်းလဲနေကြသည်။ အဝေးမှကြည့်ပါက မြေပြင်ပေါ်တွင် ရွှေရောင်ကော်ဇောကြီးတစ်ခုခင်းထားသကဲ့သို့ပင်။ လေညင်းတိုက်ခတ်လိုက်သည့်အချိန်တိုင်းတွင် မြက်ပက်များ ယိမ်းယိုင်သွားကြပြီး ရေလှိုင်းတစ်ခုကဲ့သို့ ဖြစ်နေ၏။ ရှုခင်းမှာ ပြည့်စုံလှပလျှက်ရှိသည်။
ရုတ်တရက်....
"ဘုန်း ဘုန်း ဘုန်း ဘုန်း..."
အဝေးမှ ဗုံတီးခတ်နေသည့် ဆူညံသံများကိုကြားလိုက်ရ၏။ ဤသည်မှာ စစ်ချီလာသည့် သတ်ဖြတ်ရန်ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။ ငြိမ်းခြမ်းပြီး လှပနေသည့် လေထုကို ချက်ချင်းပင်ဖျက်ဆီးပစ်လိုက်သည်။
"ရပ်..."
ဤကင်းလှည့်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့် မိုက်ကယ်ဘားရက်ခ်မှာ သူ၏လက်ကိုဝှေ့ရမ်းလိုက်၏။ ကင်းလှည့်နေသော စစ်သည်များ၏ခေလှမ်းများ ရပ်တံ့သွားကြသည်။
ဘားရက်ခ် သူ၏ အသက်ရူသံကို ဖြေးညှင်းလိုက်ပြီး ဝေဝေဝါးဝါးကြားနေရသည် ဗုံတီးသံကို အာရုံစိုက်ကာ နားထောင်ကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ ဖြေးညင်းစွာဖြင့် အရောင်ပြောင်းလဲစပြုလာသည်။ ထို့နောက်တွင် ဘာမှမပြောပဲ ခံတပ်နံရံ၏ အကာရံတစ်ခုပေါ်သို့ ခုန်တက်ကာ အဝေးသို့လှမ်းကြည့်လိုက်သည်။ရွှေရောင်မြေပြင်နှင့် အပြာရောင်ကောင်းကင်သို့ ထိဆက်ရာ မိုးကုတ်စက်ဝိုင်းအောက်တွင် သိပ်သည်းသော အလံများကိုလွှင့်လူနေသည်ကို မြင်လိုက်ရသည်။ ထို့နောက်တွင် လူများပေါ်လာသည်။ ထိုလူများသည် အဝေးမှကြည့်ပါက အမဲရောင် ပုရွက်ဆိတ်အုံကြီးတစ်ခုကဲ့သို့ပင်။ ဘာရက်ခ် ချက်ချင်းပင်သိလိုက်သည်။ ထိုအရာသည် စစ်တပ်တစ်ခု ချီတက်လာခြင်းပင်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...