186

534 72 1
                                    

Uni
=======
Hail The King
အပိုင်း(၁၈၆)

"ဟားဟား အချိန်ကိုင်ပဲဟေ့ အခုချိန်မှာ ချမ်းဘော့ဒ်အတွက် အလိုအပ်ဆုံးက အခုလို အတွင်းအားကျင့်စဥ်နဲ့မှော်ကျင့်စဥ်စာလိပ်တွေပဲ..." ဖှေး လက်စွပ်ကို ထိကိုင်ကာ အံ့သြစွာဖြင့် တွေးလိုက်မိသည်။ "ဒီလက်စွပ်ရဲ့ ပစ္စည်းသိမ်းဆည်းနိုင်မှုက ဇာတ်ကောင်ရဲ့ ထားသို့ရာအကန့်ထက်အဆတစ်ရောလောက်ပိုများပါလား...ဒါနဲ့ဆိုရင် ငါဒိုင်ယာဘလိုကမ္ဘာနဲ့ အပြင်ကမ္ဘာကြားကို ပစ္စည်းများများ သယ်ယူကူးပြောင်းနိုင်နေပြီ..."

ဤအချိန်တွင် သူပုန်စခန်းတွင် လူများများစားစားမရှိသေးပေ။ ဖှေး၏ နတ်ဘုရားပေးသောအစွမ်းသုံးခုမှာလည်း လယ်ဗယ်မြင့်တင်ပြီးဖြစ်သဖြင့် သူသည်ယခုအချိန်တွင် နေရာအတိကျ တယ်လီပေါ့သွားလာခြင်းကို ပြုလုပ်နိုင်ပြီဖြစ်၏။ သူသည် ဒိုင်ယာဘလိုကမ္ဘာမှလူများကို သူမပါရှိပဲ ချမ်းဘော့ဒ်ရှိ သူရဲကောင်းမြို့တော်သို့ ဆင့်ခေါ်လိုပါက ထိုနေရာတွင် မြို့ပြန်စာလိပ်တစ်ခုအားအသုံးပြု၍ မှော်သင်္ကေတတစ်ခု ချခဲ့ရန်တာလိုအပ်တော့သည်။ လက်ရှိအခိုက်တန့်တွင် သူပုန်စခန်း စစ်ဘက်ဆိုင်ရာခေါင်းဆောင် ခတ်ရှာနှင့် အမျိုးသမီးပန်းပဲဆရာမ ချယ်စီတို့ကို သူရဲကောင်းမြို့တော် တည်ဆောက်ရေးတွင်ပါဝင်ရန်အတွက် ပို့ထားပြီးဖြစ်သည်။

နတ်ဘုရားနှင့် နတ်ဆိုးတို့၏ ဒဏ္ဍာရီလာရှေးဟောင်းစစ်မြေပြင်တွင်ရှိသော အရိုးတောင်ကြီး၏ တန်ဖိုးမှာ ဖှေးထင်ထားသည်ထက်ပင် ကြီးမားနေကြောင်းကိုလည်း သိရသည်။ တစ်စုံတစ်ခုအား တွေးလိုက်မိပြီး ဒိုင်ယာဘလို ကမ္ဘာမှထွက်ခွာလိုက်ကာ သူတော်စဥ်အာကာရာနီင့် အဖိုးကြီးကိန်းတို့နှစ်ယောက်အား အရိုးတောင်ကြီးရှိရာနေရာသို့ တိုက်ရိုက်ဆင့်ခေါ်လိုက်၏။

"ဒါက...." အာကာရာသည် သူမ၏အရှေ့တွင်ရှိသော တောင်ကြီးကို မြင်လိုက်ရပြီး ထိတ်လန့်အံ့သြမှုကြောင့် စကားပင်မပြောနိုင်ဖြစ်သွား၏။

"ဟားဟားဟား...ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဟားဟားဟား..." အဖိုးကြီးကိန်းမှာလည်း အံဩလွန်းလှသဖြင့် ရူးသွပ်စွာစတင်၍ ရယ်မောတော့သည်။

Hail the king(1-200)Where stories live. Discover now