41

807 94 2
                                    

Uni
======
Hail The King
အပိုင်း(၄၁)

ဘရွတ်တစ်ယောက်လည်း ခံတပ်နံရံပေါ်တွင် လမ်းပတ်လျှောက်နေပြီး စစ်သားများကို အားပေးရန်ကြိုးစားနေသည်။သို့သော်လည်း သိပ်ထိရောက်မှုမရှိချေ။ ကိုယ်စိတ်နွမ်းနယ်မှုတို့အား စကားတစ်ခွန်းထဲဖြင့် ပြေပျောက်စေရနျမှာ မဖြစ်နိုင်။

ဂေးလ်တစ်ယောက်လဲ မြေပြင်ပေါ်တွင် ချေပစ်လက်ပစ်ထိုင်ပြီး အသက်ရှူသံများ မြန်ဆန်နေကာ မောပန်းနေသည်။သူတို့ မိသားစုလူယုံစစ်သည်များသာ သူ့အားထီးဖြင့် မိုးမပေးထားပါက အပူဒဏ်ကြောင့်ပင် ဂေးလ်တစ်ယောက် သေဆုံးသွားနိုင်သည်။ သူ့အဖေ ဘစ်ဇားတစ်ယောက်လည်း ဂေးလ်၏ အနောက်တွင် တည်ငြိမ်စွာရပ်နေသည်။ မျက်လုံးများမှာ စူးရှလျှက်ရှိပြီး ထိုအဘိုးကြီး ဘာတွေတွေးခေါ်နေသည်ကိုကား မည်သူမျှမသိနိုင်ချေ။

ထောင်မှူး အိုလတ်ဂ်တစ်ယောက်လည်း ဖှေးမှ သူ့အားကာကွယ်ရန်တာဝန်ပေးထားသည့်နေရာတွင်ထိုင်လျှက်ရှိသည်။ သူ၏ ချပ်ဝတ်မှ ရင်ဘက်အစိတ်အပိုင်းတစ်ခုအားဖြုတ်ကာ ယပ်တောင်သဖွယ် အသုံးပြုပြီး ယပ်ခက်နေ၏။အိုလတ်ဂ် မြစ်တစ်ဖက်ကမ်းရှိ ရန်သူများကို လှမ်းကြည့်ပြီး တစ်စုံတစ်ခု ကြံနေသည့်အတိုင်း လမ်းပါ့ဒ်ကို လည်းလှမ်းကြည့်လိုက်သည်။ ထို့နောက်တွင် ခံတပ်မျှော်စဥ်ရှိ ကွန်းကအလောင်းအား တွေ့ပြီး သူ့ပါသူခေါင်းရမ်းလိုက်သည်။

ပီးရာ့စ်တစ်ယောက်လည်း ဘုရင့်ဓားအားလွယ်ကာ ခံတပ်မျှော်စဥ်ရှေ့တွင် လမ်းလျှောက်လျက်ရှိသည်။

အချိန်တွေလဲ တဖြည်းဖြည်းကြာလာပြီဖြစ်ပြီး ခံတပ်နံရံပေါ်တွင် အပူချိန်မှာ မြင့်သထက်မြင့်လာပြီ ဖြစ်သောကြောင့် ပီးရာ့စ် တစ်ယောက်စိတ်မရှည်တော့ချေ။ဘုရင်မင်းမြတ်သည်လည်း မျှော်စဥ်ထဲတွင် ဘာလုပ်နေလဲမသိချေ။ အသံတစ်သံမှပင်မကြားရ။ဖှေးမှကြိုတင်သတိပေးထားချင်းမရှိပါက ပီးရာ့စ်တစ်ယောက်အထဲသို့ဝင်သွားပြီး ဘုရင်အဆင်ပြေရဲ့လား ကြည့်မိမည်ဖြစ်သည်။

ထိုအချိန်တွင် ရုတ်တရက်....

ကြယ်သုံးလုံးအဆင့်စစ်သည် လမ်းပါ့ဒ်တစ်ယောက်ထိတ်လန့်တုန်လှုပ်သွားသည်။ ပြင်းထန်ပြီးကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုမျှော်စဥ်အတွင်းမှ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသောကြောင့်ပင်။

Hail the king(1-200)Where stories live. Discover now