Uni
======
Hail The King
အပိုင်း(၁၁၆)ဖှေးနှင့် မဟူရာမုန်တိုင်းတို့သည့် သစ်သားဂိတ်တံခါးအနီးသို့တဖြည်းဖြည်း တိတ်ဆိတ်စွာချည်းကပ်လာကြသည်။
လမင်းသည် တိမ်မဲများ၏အနောက်သို့ဝင်ကာ ပုန်းရှောင်သွားပြီဖြစ်ပြီး အေးစိမ့်သောလေညင်းတစ်ခုသည် မြေပေါ်ရှိ သစ်ရွက်ခြောက်များကို လွှင့်စင်အောင် တိုက်ခတ်လျှက်ရှိသည်။ သေခြင်းတရားသည် အမှောင်ထဲတွင် ပုန်းကွယ်နေသကဲ့သို့ပင်။
ဤတိတ်ဆိတ်ငြိမ်သက်နေမှုသည် အချိန်မရွေးပင် ပရမ်းပတာဆန်ပြီး သေစေနိုင်သောတိုက်ပွဲအဖြစ်သို့ လျှင်မြန်စွာပြောင်းလဲသွားနိုင်သည်။
ဖှေးသည် အဆောက်ဦးနှင့် တစ်စတစ်စပို၍နီးကပ်လာသည်။
"သေစမ်း မဟုတ်တော့ဘူးဟ..."
ပင်မဂိတ်တံခါးနှင့် ၄ကိုက်ခန့်သို့ရောက်ရှိသည့်အချိန်တွင် ဖှေး၏ မျက်နှာအရောင်မှာရုတ်တရက်ပြောင်းလဲသွားတော့သည်။ ရုတ်တရက် ထူထပ်သည့်သွေးနှံ့တစ်ခုကိုရရှိလိုက်သောကြောင့်ပင်။ အနံမှာ အပူတဈခြို့ကျိုပါသယျဆောငျလာပုံရ၏။ ဖှေးတစ်စုံတစ်ခုကို တွေးလိုက်မိပြီး ကြီးမားသည့်သစ်သားဂိတ်တံကားကို ကန်ဖွင့်ကာ အမြန်ပြေးဝင်သွား၏။
ဖုန်း....
ပေါင်၅၀၀ခန့်ရှိသော သစ်သားဂိတ်တံခါးမှာ လွှင့်ထွက်သွားပြီး ဖှေးနှင့် ခွေးနက်ကြီးတို့ဝင်ရောက်လာကြသည်။
အထဲတွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဖှေးထိတ်လန့်သွား၏။ ခွေးနက်ကြီးလဲထိတ်လန့်ကာ ကြက်သေသေသွားသည်။
"ဘာတွေဖြစ်ကုန်တာလဲ..."
အဆောက်ဦးထဲမှမြင်ကွင်းမှာ ဖှေးစိတ်ကူးထဲတွင်ပင် မတွေးဖူးပေ။ ဂိတ်တံခါးအနောက်တွင် အလောင်း၃၀ခန့်လဲနေကြပြီး သူတို့အားလုံးမကြာသေးခင်ကမှ သေသွားသည်မှာ ထင်ရှားသည်။ ဒဏ်ရာများမှ သွေးများစီးကျနေဆဲ ဖြစ်ပြီး သွေးများမှာပူနွေးဆဲ ဖြစ်သောကြောင့် ဆောင်းညအောက်တွင်ရေနွေးငွေ့များပျံနေကြသည်။ အသေးစိတ်ကြည့်ပြီးနောက်တွင် ထိုသေဆုံးနေသူများမှာ ချမ်းဘော့ဒ်စစ်သည်များမဟုတ်သဖြင့် ဖှေး အနည်းငယ်စိတ်အေးသွားသည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...