Uni
======
Hail The King
အပိုင်း(၁၅၅)ကောင်မလေးမှာ ထိတ်လန့်အံ့သြသွားသည်။ ဒဏ္ဍာရီများထဲတွင်သာ ကြားခဲ့ဖူးသည့် ဒိုင်ယာဘလိုနှင့် တွေ့လိုက်ရသည့်အချိန်တွင် သူမတဖြည်းဖြည်း တည်ငြိမ်စပြုလာသည်။
ထို့နောက်တွင် သူမ၏ အလှတရားများကို ပြန်လည်ရရှိခဲ့သည်။ သူမသည် သန်မာသည့် နတျဆျုးစှမျးအားတဈခုကိုပါ ရရှိခဲ့သည်။ သူမ၏ အလှတရားနှင့် စွမ်းအားကို အသုံးချပြီး သူမနေတိုင်ခဲ့သည့် ဘုရားကျောင်းအား သိမ်းပိုက်ထိန်းချုပ်ကာ မကောင်းဆိုးဝါးများပျော်ရွှင်ရာနေရာနှင့် ငရဲပြည်၏ ရှေ့တန်းစစ်မျက်နှာပြင်အဖြစ် ပြောင်းလဲ ပစ်လိုက်သည်။ သူမ ဆုံးရှူံးခဲ့ရသည့် အရာမှန်သမျှကို ပြန်လည်ရရှိခဲ့ပြီး လူတိုင်းကြောင်ရွံ့ရသည့် နတ်ဆိုးတစ်ဦးဖြစ်လာခဲ့သည်။
သူမသည် ဒိုင်ယာဘလိုကိုလဲ ချစ်ကြိုက်ခဲ့သည်။
သိုသော် ထိုလူမှာ သူမအား ပြန်လည်ချစ်ကြိုက်ခဲ့ခြင်းမရှိချေ။ သူ၏ ဆုံးပါးသွားခဲ့သည့် ဇနီးကိုသာ ချစ်နေခဲ့သည်။
သူ့အတွက် အလှတရားကိုပြန်လည်ရရှိသော ကောင်မလေးသည် အပြစ်တင်မှုများ၊ သွေးများကိုပါ ပြန်လည်ယူဆောင်ခဲ့သည်။ ထိုယောက်ျား ကောင်းကင်ဘုံနှင့် စစ်ခင်းနေခြင်းကို ကူညီနိုင်ရန်အတွက် ရက်စက်ကြမ်းကြုတ်သည့် ပညာတစ်ခုကိုလဲ ကျင့်ကြံသင်ကြားခဲ့သည်။
ထိုကောင်မလေး၏ နာမည်မှာ အေဒရီရယ်ပင်။
အယ်လီနာမတိုင်ခင်က [သူပုန်ပန်း]တစ်ယောက်ပင်။
ဖှေး အေဒရီရယ်၏ ဘဝတစ်ခုလုံးကို ဘေးလူတစ်ယောက်အနေဖြင့် မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ ဤသည်မှာ အလွန်ထူးခြားပြီး ဝိဉာဉျပိုငျးဆျိုငျရာ စီးနှင်းမှုတစ်ခုပင်။ အချိန်ခဏတာခန့် ဖှေးသည် အေဒရီရယ်နှင့် ဆက်နွယ်နေသကဲ့သို့ပင်။ အေဒရီရယ်ခံစားခဲ့ရသည့် ခံစားချက်များကို တိုက်ရိုက်ခံစားလိုက်ရ၏။ အကူညီကင်းမဲ့ခြင်း၊ စွမ်းအားကင်းမဲ့ခြင်း၊ဒေါသ၊ အမုန်၊ ဝမ်းနည်းခြင်း....နောက်ဆုံးတွင် နောငျတတရားတျို့ဖွဈသညျ။ ဖှေး သက်ပြင်းချကာ တွေးလိုက်မိသည်။ "သူမ မှားခဲ့လျို့လား...ဒီလောက်ဖြစ်ရပ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ သူမက ဘယ်နေရာမှာ မှားခဲ့လို့လဲ..."
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...