63

809 96 2
                                    

Uni
======
Hail The King
အပိုင်း(၆၃) "တိုင်းပြည်၏ ပေါ်လစီများ"

ဖှေး၏ ခေါင်းထဲတွင် တိုင်းပြည်အနာဂတ်အတွက် အကြံဉာဏ်တစ်ချို့နှင့်၊ အစီစဥ်တစ်ချို့ရှိသော်လည်း စစ်ဘက်ဆိုင်ရာဖွဲ့စည်းပုံများနှင့် တိုင်းပြည်ပေါ်လစီတို့ကို ချက်ချင်းလက်ငင်း အလောတကြီး မပြောင်းလဲလိုသေးပေ။ ဖှေး ဤနေရာသို့ရောက်ရှိသည်မှာ ၃ရက်ခန့်မျှသာရှိသေးသည့်အတွက် သူမသိရှိသေးသည့် အရာများစွာကျန်ရှိနေသေးသည်။ အရာအားလုံးကို အလျင်စလိုပြုမူလိုက်ပါက ပြသနာအသစ်များပင် ထက်မံပေါ်ပေါက်လာနိုင်သောကြောင့်ပင်။

ဖှေး တိုင်းပြည်အကြောင်း ပိုမိုသိရှိနားလည်နိုင်ရန်အတွက် ရက်အနည်းငယ် အချိန်ယူဦးမည်ဖြစ်သည်။

နန်းတွင်း အစည်းအဝေးမှာ ရုပ်ရှင်ဇာတ်ကားများထဲကသကဲ့သို့ တင်းမာမှုများမရှိချေ။ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးပင်ဖြစ်သည်။ ဘုရင်ထိုင်ရာ ပုလ္လင်အောက်တွင် ချောင်းငယ်လေးတစ်ခုပါ ဖောက်လုပ်အလှဆင်ထားသေးသည်။ အထဲတွင် ရွှေငါးလေးများ အလှမွေးထား၏။ ဘေးတစ်ဖက်တစ်ချက်စီတိုင်းတွင် သပ်ရက်စွာစီထားသော ကျောက်ထိုင်ခုံများနှစ်တန်းခန့်ရှိသည်။ ပါဝင်ဆွေးနွေးသူများ သက်သာအဆင်ပြေစေရန်အတွက် ကျောက်ထိုင်ခုံများပေါ်တွင် လယ်သာစများ ဖုံးလွှမ်းပေးထားသည်။ လူတိုင်းတွင် တန်းတူအခွင့်ရေးရှိသည် ဘုရင့်ခွင့်ပြုချက်မပါပဲ လူတိုင်းမက်တပ်ထပြီး သူတို့၏အမြင်များကို လွှတ်လပ်စွာတင်ပြနိုင်သည်။ အမြင်ချင်းမတူပါက အငြင်းပွားနိုင်သည်။

ဤသည်မှာ ဖှေး ပုံမှန်လူတစ်ယောက် ပြန်ဖြစ်ပြီးချိန်တွင် ဘုရင်အနေဖြင့် ပထမဆုံး ကျင်းပသောအစည်းအဝေးဖြစ်သည်။ စစ်ဘက်ဆိုင်ရာအခြမ်းတွင် ခေါင်းဆောင်ဘရွတ်အပြင် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာပါဝင်သော လူသန်ကြီး၂၂ယောက်မှာလဲ ထိုင်ခုံအသီးသီးရရှိထားသည်။ ထိုချမ်းဘော့ဒ်၏ ခေါင်းဆောင်များမှာ သူတို့ခေါင်းထဲတွင်ပေါ်လာသည့် အကြံများကိုတင်ပြဆွေးနွေးကြသည်။ တဈခြို့မှာ အလွန်အပြုသဘောဆောင်သော အကြံဉာဏ်များပေးကြသည်။ တစ်ချို့မှာ ကြိုတင်ပြင်ဆင်လာသော စာရွက်စာတန်းများဖြင့်ပင် အကြံဉာဏ်များကိုတင်ပြကြသည်။ အထူးအဖြင့် ချမ်းဘော့ဒ်၏ လူရိုသေရှင်ရိုသေ အသက်ကြီးပုဂ္ဂိုလ်ကြီးများမှာ စာရွက်စာတမ်းအထပ်လိုက်ကြီးများယူဆောင်လာပြီး အချက်အလက်များနှင့်တကွ တင်ပြကြသည်။ ဖှေး မှာ ထိုစာရွက်စာတမ်း အထပ်ကြီးအား ကြည့်ရုံမျှဖြင့်ပင် ခေါင်းမူးလာ၏။

Hail the king(1-200)Where stories live. Discover now