70

751 88 2
                                    

Uni
=======
Hail The King
အပိုင်း(၇၀) "[ဟော့ခ် ဆေးပုလင်း]"

သေးငယ်သော အခန်းပိတ်အတွင်းတွင် လေထုမှာ သိပ်သည်းနေသော်လည်း စိုထိုင်းမှုမရှိချေ။

ဖှေး အခန်းပတ်လှည်သို့ အသေအချာကြည့်ရှု လေ့လာရာတွင် လက်တစ်ချောင်းစာခန့်ရှိသော အပေါက်လေးများကိုတွေ့ရသည်။ လေဝင်လေထွက် စနစ်အတွက်အသုံးပြုပုံရ၏။ ဤမြေအောက် လိုဏ်ဂူကြီး၏ လေဝင်လေထွက်စနစ်မှာ အလွန်အံ့သြအထင်ကြီးဖွယ်ကောင်းလောက်သည်။ မြေအောက်လိုဏ်ဂူကြီးတွင် မီးတုတ်များစွာ ထွန်းညှိထားပြီး၊ ထောင်သားများစွာနေထိုင်လျှက်ရှိသော် လည်း လေထုအရည်အသွေးမှာ ဆိုးဝါးခြင်းမရှိ အနည်းငယ်ပင် လတ်ဆက်နေသေးသည်။ ဖှေး လြို့ဝှကျသောတညျဆောကျသူမညျကဲ့သို့နညျးပညာမြားအသုူံပွုခဲ့သညျကို နားမလည်ချေ။

"ချွတ် ချွတ်"

မီးဖိုထဲရှိ မီးသွေးများလောင်ကျွမ်းရာမှ အသံများထွက်ပေါ်နေ၏။ အခန်းထဲတွင်မီးတောက်များအလင်းရောင်ကြောင့် မှုန်ပြပြတောက်ပနေသည်။  သံကြိုးများခတ်ထားသော ကြေးစားစစ်သားသုံးယောက်မှာ အမှန်တကယ်ပြစ်မှုကျူးလွန်ခဲ့သူများဖြစ်သည်။ သူတို့အားလုံး ထောင်ထဲတွင်အနှိပ်စက်ခံထားရသော်လဲ သူတို့၏ စိတ်ဓာတ်များမှာ မာကြောနေဆဲပင်။ အိုလတ်နှင့် ထောင်စောင့်များ အခန်းအတွင်းမှထွက်သွားကြပြီး အိုလတ် သူ၏ရှေ့က ကောင်းမွန်စွာဝတ်စားထားသော လူငယ်လေးတစ်ယောက်အား အရှင်မင်းကြီးဟု သုံးနှုန်းသည်ကို တွေ့လိုက်ရသောအခါ ထို ကြေးစားစစ်သားသုံးဦ မျက်နှာပေါ်တွင် မကောင်းကြံသည့် အမူအယာများပေါ်လာတော့သည်။ သူတို့၏ သံမဏိချိန်းကြိုးများကို မြေပေါ်တွက် ထရွတ်တိုက်ဆွဲကည ဖှေးအနားသို့ အရွေ့ရွေ့ကပ်လာကြတော့သည်။

"အချိန်ကိုက်ပဲ ဒီဘုရင်ဆိုတဲ့ကောင်လေးကို ဓားစာခံအဖြစ်ယူပြီး ဒီဆိုးဝါးတဲ့အကျဥ်းထောင်ကနေထွက်သွားကြစို့....."

"ဟားဟား ဟုတ်တယ် ဟေ့ယောင်တံခါးဝကို တစ်ယောက်သွားပိတ်တား....သူထွက်ပြေးသွားလိမ့်မယ်....."

ကြေးစားစစ်သားသုံးဦးမှာ တစ်ဦးနှင့်တစ်ဦးမျက်စပစ်ပြပြီး ဖှေးကိုဝိုင်းထားလိုက်သည်။ သူတို့အားလုံး ညစ်ပတ်စွာပြုံးပြီး ဖှေးအနားသို့တဖြည်းဖြည်းကပ်လာလေသည်။ သူတို့ဖှေးကို ဝိုင်းကြည့်နေကြသည့်ပုံမှာ အလောင်းတစ်လောင်းအားကြည့်နေသည့်ပုံဖြစ်ပြီး သူတို့မျက်နှာမှအမူရာများကိုလေ့လာခြင်းအားဖြင့် ဖှေးသူတို့၏စိတ်နေစိတ်ထားများကို သိရှိသွားပြီဖြစ်သည်။

Hail the king(1-200)Where stories live. Discover now