Uni
======
Hail The King
အပိုင်း(၈၅)ရထားလုံးတစ်ခုလုံးမှာ ရွှေဖြင့်ပြုလုပ်ထားသည့် မဟာဘုရားကြောင်းသင်္ကေတဖြစ်သည့် နေလုံးပုံဖြင့် ဖုံးလွှမ်းထားသည်။ ကြီးမားသောရထားလုံးကြီးမှာ လူတိုင်း၏အာရုံစိုက်မှုကိုရရှိစေသည်။ ရထားလုံး၏ ခမ်းနားထည်ဝါပုံမှာအံ့သြဖွယ်ကောင်းသော်လည်း ပို၍အံ့သြဖွယ်ကောင်းသည်မှာ ရထားလုံးတွင် ဘီးများမပါခြင်းပင်။
တေဘီးများနေရာတွေ တဝီးဝီးလှည်ပတ်နေသော အညိုရောင်မီးခိုးတိမ်တိုက်များရှိနေ၏။ မြင်းများသည် ကြီးမားသည့်ရထားလုံးကြီးအား ငှက်မွှေးတစ်မွှေးကဲ့သို့ပင် လွယ်ကူပေါ့ပါးစွာဆွဲသွားသည်။ မြင်းများရထားလုံးကိုဆွဲသည့်အခါတွင် ရထားလုံစသည်ရိုးရှင်းစွာပင် လေပေါ်တွင်ရွေ့လျားသွားသည်။ဤအရာမှာ မဟာဘုရားကျောင်းတစ်ခုတည်းသာ ပိုင်ဆိုင်သည့် အထူးမှော်ရထားလုံးဖြစ်သည်။ ရထားလုံး၏ အောက်ချေတွင် သူတော်စဥ်အကြီးစားများကိုယ်တိုင်စီစဥ်ထားသည့် အလယ်လတ်အဆင့် လေမှော်သင်္ကေတများပါရှိသည်။ ထိုမှော်သင်္ကေတများကို မှော်တလင်းကျောက်များဖြင့်စွမ်းအင်ထောက်ပံ့ပေးထားသောကြောင့် ဘီးလုံးများအစား လေထုတိမ်တိုက်များကိုအသုံးပြုနိုင်သည်။ ဤကဲ့သို့အပြင်အဆင်ကြောင့် ရထားလုံးမှာ အလွန်ခမ်းနားထည်ဝါပြီး လျို့ဝှက်ထူးဆန်းသည့်ဟန်ပေါက်နေသည်။ သူတော်စဥ်အကြီးစားများသည်သာ ထိုကဲ့သို့မှော်ရထားလုံးအားစီးနှင်းအသုံးပြုခွင့်ရှိ၏။
ခမ်းနားထည်ဝါလှသည့် မှော်ရထားလုံး၏ တစ်ဖက်တစ်ချက်စီတိုင်းတွင် မဟာဘုရားကျောင်းအမှတ်တံတိပ်ပါ အမဲဝတ်ရုံများနှင့် ပညာသင်စသူတော်စဥ်များလမ်းလျှောက်လိုက်ပါလာကြသည်။ သူတို့အားလုံး ရထားလုံးအတွင်းရှိသူတေယ်စဥ်ကြီးအမိန့်အတိုင်း ဆောင်ရွက်ရန်အဆင်သင့်ဖြစ်နေသည့်ပုံပင်။
ပညာသင်စသူတော်စဥ်များကို သူတော်စဥ်လောင်းများဟုလဲခေါ်ကြသည်။ သူတို့အားလုံး သူတော်စဥ်တစ်ယောက်၏လက်အောက်တွင် အစေခံအဖြစ်အမှုထမ်းရင်း ပညာသင်ကြားကြရသည်။ သူတို့်အား ဘုရားသခင်အပေါ်တွင် အရိုသေဆုံးသော အစေခံများဟုလည်း လူသိများသည်။ သူတို့အားလုံး၏ နောက်ကြောပေါ်တွင် ရှည်လျားသောအမဲရောင်ချိန်းကြိုးကြီးများကိုသယ်ဆောင်ထားကြသည်။ ဖြေးညင်းစွာလမ်းလျှောက်နေခြင်းဖြစ်သော်လည်း ချိန်းကြိုးမှာလှုပ်ခါပြီး တချွင်ချွင်မည်လျှက်ရှိနေရာ မြင်ရသောလူများပင် ကြီးမားလေးလံသည့် ဖိအားကိုခံစားနေရသည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...