Uni
======
Hail The King
အပိုင်း(၂၄)"သူ့အကြောင်းလား"
ထိုမေးခွန်းကြောင့် လမ်ဒီ ခဏတာဆွံအသွားသည်။ သံမဏိ ဦးထုတ်အောက်မှ သားရဲတစ်ကောင်ကဲ့သို့ မျက်လုံးများသည် လမ်ဒီစိတ်အာရုံထဲတွင် ပြန်ပေါ်၍လာလေသည်။
"အဲ့လူရဲ့ ခွန်အားသန်မာမှုက ကြယ်တစ်လုံးအဆင့်စစ်သည်ရဲ့ သန်မာမှုမျိုးပဲ။တစ်ခုထူးဆန်းတာက သူမှာ စွမ်းအင်(အတွင်းအား)တွေဘာတွေမရှိဘူး သူက မွေးကတည်းက အဲ့ခွန်အားနဲ့မွေးလာသလိုပဲ...."
လမ်ဒီ ဖြစ်ခဲ့သည်များကို ပြန်စဥ်းစားရင်း ပြောပြနေ၏။ "နောက်ပြီး အဲ့လူကိုတိုက်ခိုက်ရတာ ရက်စက်တဲ့ သားရဲတစ်ကောင်နဲ့ရင်ဆိုင်နေရသလိုခံစားရတယ်....""သားရဲတစ်ကောင်လား"
ငွေရောင်မျက်နှာဖုံးရှင် ဝိုင်ခွက်ကို လက်မှချပြီး လမ်ဒီအား တစ်ချက်ကြည့်လိုက်သည်။ထို့နောက်တွင် ရယ်မောကာ "သားရဲတစ်ကောင်ဆိုတာ တော်တော်ကောင်းတဲ့အသုံးနှုန်းပဲ လမ်ဒီ ငါတို့အဲ့သားရဲကို ဖမ်းပြီး ကိုလိုစီရမ် အင်ပါယာကို ပို့လိုက်ရင် ပိုစိတ်ဝင်စားစရာကောင်းမှာပဲကွ"
"ကိုလိုစီရမ်ကိုလား အတော်ကောင်းတဲ့အကြံပဲဆရာရေ့" လမ်ဒီမြှောက်ပင့်လိုသောအသံဖြင့်ပြောနေ၏ "အဲ့လူသာ ကိုလိုစီရမ် ကိုရောက်သွားလို့ကတော့ အတော်ဆုံး ဂလက်ဒီရေတာ တစ်ယောက်ဖြစ်လာမှာပဲဗျ။ လူတော်တော်များများက သူ့ပွဲတွေကို ကြည့်ချင်လို့ ငွေအများကြီးပေးကြလိမ့်မယ်"
အေဇာရုတိုက်တွင် ကိုလိုစီရမ် အင်ပါယာများသည် လူကုံထံအသိုင်းအဝိုင်းများ သွားရန်နှစ်သက်ကြသည့်နေရာများဖြစ်ကြသည်။
ထိုနေရာများတွင် ရက်စက်ကြမ်းကြုပ်သော ဖျော်ဖြေမှုတစ်ခုပြုလုပ်လေ့ရှိသည်။ အထူးသဖြင့် ကျေးကျွန်များအား လက်နက်များပေးပြီး အန္တရာယ်ရှိသော သားရဲများမကောင်းဆိုးဝါးများနှင့် အသေအကြေတိုက်ခိုက်ခိုင်းခြင်းပင်။ ထိုသို့တိုက်ခိုက်သည်များကို လူကုံထံများက ပိုက်ဆံပေးကြည့်ရှုကြ၏။
အေဇာရုတိုက်တွင် ထိုကဲ့သို့ပွဲစဥ်များမှာ ရိုးရာဓလေ့ကဲ့သို့ပင်။ ယခင်က စစ်ပွဲနတ်ဘုရားအား ယစ်ယူဇော်သည့်အနေဖြင့်သာ ပြုလုပ်လေ့ရှိသော်လဲ ယခုအခါတွင် ထိုပွဲစဥ်များအား သွေးထွက်သံယိုများကြိုက်သော လူကုံထံများအတွက် ဖျော်ဖြေရေးအနေဖြင့်ပြုလုပ်ကြ၏။ထို့ကြောင့်ပင် ထိုပွဲစဥ်များသည် ပွဲစီစဥ်သူများအတွက် များစွာငွေကြေးရစေသည်။လောင်းကစားလုပ်သူများလည်း ပါဝင်လေရာ နိုင်သူနိုင်ရှုံးသူရှုံးပင်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...