Uni
======
Hail The King
အပိုင်း(၁၇)ဒိုင်ယာဘလို ကမ္ဘာမှာ ဖှေးအား နောင်တရရန်အချိန်မပေးချေ။တစ်စက္ကန့်အတွင်းမှာပင် ဖှေးရှေ့မှမြင်ကွင်းအားလုံး ပြောင်းလဲသွားသည်။
"ဝီး"
ဖှေး မြေဆွဲအား မဲ့သွားသည်ကို ခံစားလိုက်ရ၏။ ဒိုင်ယာဘလို ကမ္ဘာထဲသို့ဝင်ရောက်နေပြီဖြစ်သည်။အချိန်တိုအတွင်းမှာပင် ဖှေးသည် [သူပုန် စခန်း]သို့ရောက်ရှိနေကြောင်းတွေ့လိုက်ရသည်။
ကောင်းကင်မှာ မဲမှောင်နေပြီး မိုးများရွာကျနေစဲပင်ဖြစ်သည်။
[သူပုန်စခန်း]မှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။
"မှော်ဆရာမ"ဇာတ်ကောင်ရွေးချယ်လိုက်ခြင်းကြောင့် အရာအားလုံးအစမှပြန်ရောက်သွားသည်ကို ဖှေးသတိထားမိလိုက်သည်။[နတ်ဆိုး၏ သားရဲတွင်း]အလုပ်အား တစ်ဖန်ပြန်လုပ်ရန် ဖှေး အာကာရာ ထံသို့သွား၏။ အာကာရာသည် သူ့အား လူစိမ်းတစ်ယောက်ကဲ့သို့ပင် ပြောဆိုဆက်ဆံကာ အလုပ်ပေးသည်။
အလုပ်ကို လက်ခံပြီးနောက်တွင် ဖှေး သူစတင်ပေါ်ပေါက်ခဲ့သော နေရာသို့ပြန်သွား၏။ ထို့နောက်တွင် တစ်စုံတစ်ခုကို သတိရကာ သူ၏ပေါင်ကြားအား လက်ဖြင့် စမ်းကြည့်လိုက်သည်။
"ဟူး.... တော်သေးတာပေါ့ ငါမိန်ကလေးပြောင်းမသွားဘူး....."
ဖှေးစိတ်သက်သာရာရသွားသည်။မှော်ဆရာမဇာတ်ကောင်မှာ အမျိုးသမီးဇာတ်ကောင်ဖြစ်သော်လည်း ဖှေး၏ ခန္ဓာကိုယ်အသွင်အပြင်မှာ အဝတ်အစားနှင့် အဆင်တန်ဆာများမှလွဲပြီး ပြောင်းလဲသွားခြင်းမရှိပေ။
ဖှေးသညျ မီးခိုးရောင် ဝတ်ရုံကြမ်းတစ်ခုကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ၂မီတာခန့်ရှိ မှော်ကြိမ်လုံးတစ်ခုအား ကိုင်ထားလေသည်။ထိုပစ္စည်းနှစ်ခုမှာ ဖှေး စတင်ရောက်ရှိလာသည့်အချိန်တွင် ရရှိခဲ့သည်ဖြစ်ပြီး တန်ဖိုးနည်းကာ စွမ်းအားလဲ သိပ်မရှိပေ။
ထို့နောက်တွင် ကွန်ပြူတာ ဇာတ်ကောင် ဝါးရစ်ရောက်ရှိလာပြီး ထုံးစံအတိုင်း" မင်္ဂလာပါ လူစိမ်း သင်တို့လို့......." ကြားနေကြဖြစ်၍ ဖှေး လစ်လျူရှုပြီး ထွက်သွား၏။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...