Uni
=======
Hail The King
အပိုင်း(၁၉၆)ခေါင်းလောင်းသံကို ကြားလိုက်ရသည့်အချိန်မှချမ်းဘော့ဒ်တိုင်းပြည်မှလူများအားလုံး စိတ်အေးကာ သက်ပြင်းချလိုက်မိကြ၏။
ဤအကြိမ်တွင် ခေါင်းလောင်းမြည်သံမှာ ရန်သူများလာရောက်တိုက်ခိုက်သည့်အတွက်ကြောင့်မဟုတ်ပေ။ သူတို့၏ ဘုရင်ပြန်လည်ရောက်ရှိလာသည့်အတွက် တီးခေါက်ခြင်းဖြစ်၏။
ဘုရင်၏ ရွှေလူယုံနှစ်ယောက်နှင့် အုပ်ချုပ်ရေးဆိုင်ရာနှင့် စစ်ဘက်ဆိုင်ရာအရာရှိများအားလုံး နန်းတော်ထံသို့ အမြန်သွားနေကြသည်ကို လူတျိုငျးမွငျလိုကျကွသညျ။ တိုင်းပြည်တွင်းလမ်းများမှာ တိတ်ဆိတ်သွား၏။ လူတိုင်းသူတို့၏အိမ်ထဲမှ ထွက်လာကာ အနည်းငယ်မြင့်မားသော ကုန်းပေါ်တွင်ရှိသည့် ဘုရင့်နန်းတော်ထံသို့ ငေးကြည့်နေကြသည်။ ယခုအခါတွင် လူတိုင်းသူတို့၏ ငယ်ရွယ်သော ဘုရင်အား လေးစားအားကျနေကြပြီဖြစ်၏။ အမဲရောင်ချပ်ဝတ်ရန်သူများနှင့် တိုင်းပြည်ကိုးခုပူးပေါင်းတပ်ဖွဲ့ကို အနိုင်ယူလိုက်ခြင်းသာ မကပေ။ ဘုရင်ထွက်ခွာသွားသည့် တစ်လကြာကာလအတွင်း ဘုရင်အလတ်ဇန္ဒားချန်ထားခဲ့သည့် လွှမ်းမိုးမှုများကို သူတို့အားလုံးကြုံတွေ့ပြီးဖြစ်၏။
ဤအချိန်ကာလအတွင်းတွင်ချမ်းဘော့ဒ်တွင် အရာများစွာဖြစ်ပျက်ခဲ့သည်။
ပထမဆုံးမှာ ဘုရင်အလတ်ဇန္ဒား မထွက်ခွာမှီတွင် ချန်ထားခဲ့သည့် အမိန့်တစ်ခုပင်။ တိုင်းပြည်၏ အမှိုက်ပစ်သည့်နေရာတွင်ရှိနေသော အမှိုက်ပုံကြီးကို ထောင်မှူးအိုလတ်ဂ်နှင့် သူ၏ အပေါင်းပါများ ရှင်းလင်းလိုက်ကြသည်။ ထိုအရာသည် လူများနားမလည်သည့် လုပ်ငန်းစဥ်တစ်ခုပင်။ အမှိုကျမြားကို ပျော့ဖက်လာသည်အထိကန်တစ်ခုအတွင်းတွင် စိမ်ထားကာ စက္ကူထုတ်လုပ်လိုက်သည့်အချိန်တွင်မူ တိုင်းပြည်ခုလုံး အံဩသွားရ၏။
ဤအမှိုက်ပုံကြီးသည် ချမ်းဘော့ဒ်တိုင်းပြည်၏ ကင်ဆာအကြိတ်ကဲ့သို့ဖြစ်ပြီး နွေရာသီတွင် ယင်တလောင်းလောင်းဖြင့် ဆိုးဝါးသည့်အနံ့သက်များကို ထုတ်လွှတ်လေ့ရှိသည်။ ဤသည်မှာ ရောဂါများဖြစ်ပွားလာရခြင်း၏ မူလရင်းမြစ်ပင်။ တိုင်းပြည်ပြန်လည်ပြုပြင်ရန်အတွက် အစီစဥ်များချမှတ်စဥ်က တစ်စုံတစ်ယောက်သည် အမှိုက်များကို ဇူလီမြစ်အတွင်းသို့ စုပုံရန်အတွွ အကြံပြုခဲ့ဖူးသည်။ သို့သော် ထိုအကြံအား ဘုရင်မှ ချက်ချင်းပင် ငြင်းပယ်ခဲ့၏။ ခွေးများပင် အနားမကပ်ချင်သည့် ဤအမှိုက်များသည် တစ်ချိန်တွင် စက္ကူအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားကြချေ။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...