Uni
=======
Hail The King
အပိုင်း(၁၉၉)"အရှင်မင်းကြီးပြန်ရောက်လာတဲ့အချိန်ကြရင် ချမ်းဘော့ဒ်တိုင်းပြည်က အဆင့်၃အဖွဲ့၀င်နိုင်ငံတစ်ခုများဖြစ်ပြီးပြန်လာလောက်မယ်ထင်တယ်နော်...ဒါမှမဟုတ်အဆင့်၂အဖွဲ့၀င်နိုင်ငံများဖြစ်နေလောက်မလား..."
"အဆင့်၂အဖွဲ့၀င်နိုင်ငံလား...ဘရွတ်မင်းက အရှင်းမင်းကြီးရဲ့ရည်ရွယ်ချက်ကို အပြည့်၀နားလည်သေးတဲ့ပုံမပေါ်ဘူး..." အဖိုးကြီးဘတ်စ်မှာ ရယ်မောလိုက်သည်။ "အရှင်မင်းကြီးက အဆင့်၂အဖွဲ့၀င်နိုင်ငံလောက်ကို များတယ်ထင်မှာမဟုတ်ဘူး..စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲအပြီးမှာ ချမ်းဘော့ဒ်တိုင်းပြည်ဘာဖြစ်လာမယ်ဆိုတာကို ဘယ်သူမှခန့်မှန်းနိုင်မှာ မဟုတ်လောက်ဘူးလေ..ဒါပေမယ့် အရှင်မင်းကြီးထွက်သွားပြီဆိုတော့ ငါတို့လည်းအပျင်းကြီးနေလို့မဖြစ်ဘူး..ဘု၇င်ကငါတို့အတွက်လုပ်စရာတွေအများကြီးချန်ထားခဲ့တယ်မဟုတ်လား...."
ဘရွတ်သူ၏အရှေ့တွင်ရှိနေသော ခံတပ်နံရံအားအသာယာပုတ်ကာ ပြောလိုက်၏။ "ဟားဟားဟုတ်တာပဲ အရှင်မင်ကြီးရှင်းပြတဲ့အကြံစဥ်ကို ကျွန်တော်တွေးလိုက်မိတဲ့အခါတိုင်းမှာ ကျွန်တော့ရဲ့သွေးတွေဆူပွက်လာသလို ခံစားရတယ်...ကျွန်တော်တို့လဲအဲ့အစီစဥ်တွေကိုသာ အကောင်ထည်ဖော်နိုင်မယ်ဆိုရင် ချမ်းဘော့ဒ်ကို ဘယ်အဖွဲ့စည်းက အထင်သေးရဲတော့မှာလဲ..."
"ဟဟ မင်းလိုအေးအေးဆေးဆေးနေတတ်တဲ့လူတစ်ယောက်က ဒီလိုမျိူးစိတ်ခံစားချက် ပြင်းထန်မယ်လိုငါလုံး၀ထင်မထားမိဘူး.."
"ဟဲဟဲ"
......
......
ချမ်းဘော့ဒ်တိုင်းပြည်၏ ပိုင်နက်မြေမှာသေးငယ်လှသည့်အတွက် သနားစရာပင်ကောင်းလှ၏။ ထွက်ခွာသွားသည့်တပ်ဖွဲ့မှ သိပ်ပြီးမမြန်ဆန်လှသော်လည်း တစ်နာရီခန့်ခရီးနှင်ပြီးသည့်နောက်တွင် ချမ်းဘော့ဒ်ပိုင်နက်မှထွက်ခွာကာ အိမ်နီးချင်းတိုင်းပြည်ဖြစ်သည့် ရေ့စ်တိုင်းပြည်၏ ပိုင်နက်အတွင်းသို့ ရောက်ရှိလာကြပြီဖြစ်သည်။ ဤအချိန်တွင်သူတို့မှာ ရွှေရောင်မြက်ခင်းလွင်ပြင်အထဲမှပင် ထှကျခှာွခငျးမပွူရသေးပေ။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...