Uni
======
Hail The King
အပိုင်း(၇၁) "ဘာကြောင့်လဲ"[ဟော့ခ် ဆေးပုလင်း]မှာ ၅၀မီလီမီတာခန့်သာ အမြင့်ရှိသည့် စမ်းသပ်ဖန်ပြွန်ကဲ့သို့ ပုလင်းငယ်လေးသာဖြစ်သည်။ ဖှေး ကြေးစားစစ်သည်အား စမ်းသပ်သည့်အနေဖြင့် ဆေးရည်၃ပုံတစ်ပုံခန့်တိုက်ကျွေးကြည့်ခဲ့သည်။ ဖှေး ထိုဆေးပုလင်းအား သိမ်းဆည်းထားရန်အတွက် နေရာကောင်းတစ်ခုရှိသည် သူ၏ ခါးပတ်အတွင်းရှိ မှော်ဆန်သည့်သိမ်းဆည်းရာနေရာထဲ၌ပင်။
ဖှေး အောက်သို့ထိုင်လိုက်ပြီး ခုနလေးတင်မှ သူသတ်လိုက်သည့် ယခုအချိန်တွင် ဗလတောင့်တောင့်အရပ်ရှည်ရှည်နှင့် ကြေစားစစ်သည်၏ ရင်ဘက်ပေါ်သို့လက်တင်ကာ [ဆေးပုလင်း ရှာဖွေခြင်း]ကို အသုံးပြုလိုက်သည်။ ပေါက်ထွက်လာသော သွေးများမှလွဲ၍ ဘာမှမရလိုက်ချေ။ ဖှေး လုပ်နိုင်သည်မှာ ဘာမျှမရှိချေ။ [ဆေးပုလင်း ရှာဖွေခြင်း]အစွမ်းမှာ လယ်ဗယ်၁ သာရှိသေးသဖြင့် ဆေးပုလင်းရှာဖွေတွေ့နိုင်ချေမှာ နည်းသေးသည်ဖြစ်သည်။
အခန်းအတွင်းရှိ အလောင်းလေးလောင်းထံမှာ ဆေးပုလင်းတစ်ပုလင်းရလိုက်သည်မှာ မမျှော်လင့်ထားသော အံ့သြမှုပင်။ သို့သော် ဖှေးသိချင်နေသည့် ပြသနာ၏အဖြေအား အခုချိန်ထိအဖြေရှာမရသေးပေ။
ဒိုင်ယာဘလို ကမ္ဘာ၌ပင်မရှိသော ဆေးပုလင်းမှ အဘယ်ကြောင့် ဤကမ္ဘာတွင်ပေါ်လာခဲ့သည် ဟူသောအချက်ပင်။ အကယ်၍ ယုတ်တိရှိသောရှင်းပြချက်တစ်ခုကို စဥ်းစားကြည့်ပါက [ဆေးပုလင်း ရှာဖွေခြင်း]အစွမ်းအား အပြင်ကမ္ဘာသို့ ယူဆောင်ခဲ့စဥ်က ထိုအစွမ်းမှာ ဆင့်ကဲပြောင်းလဲသွားသဖြင့် [ဟော့ခ် ဆေးပုလင်း]ရရှိလာသည်ဟူသော အချက်ကိုပင် ဖှေးတွေးမိသည်။ [ဟော့ခ် ဆေးပုလင်း] ရရှိနိုင်ခြေ ရာခိုက်နှုန်းကိုလဲဖှေးမသိသေးချေ။ ထို့အပြင် ထိုဆေးပုလင်းမှာ ကြေးစားစစ်သည်ကဲ့သို့ လူတိုင်းအားသန်မာစေမည်လားဆိုသည့်အချက်ကိုလည်း ဖှေးသေချာမသိချေ။
ထိုဆေးရည်များအား သူ၏လူယုံများကိုတိုက်ပြီး သူတို့၏ခွန်အားများတိုးပွားလာအောင် မပြုမူမှီ ဖှေး ထိုအချက်အလက်များကို အရင်သိအောင် စမ်းသပ်မှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။ မြေကမ္ဘာပေါ်တွင်လျှင် ဆေးဝါး ကုမ္ပဏီများသည် ဆေးဝါးများအားစျေးကွက်အတွင်း မဖြန့်ခင်စမ်းသပ်မှုအကြိမ်ကြိမ်ပြုလုပ်ရသည်မှာ အသေချာပင်ဖြစ်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...