149

613 73 1
                                    

Uni
=======
Hail The King
အပိုင်း(၁၄၉)

ဤသည်မှာ စွမ်းအားကြီးနှစ်ခုအကြားတွင် ဝင်ရောက်မိပါက အသက်ရှင်နိုင်ရန်အတွက်အကောင်းဆုံးနည်းလမ်းဖြစ်သည်။

အာရှဗင်နှင့် ဒိုမင်ဂူတို့မှာကျားကြီးနှစ်ကောင်ဆိုပါက ဖှေးသည် နို့ရည်မပျက်သေးသည့် ဝံပုလွေပေါက်တစ်ကောင်မျှသာဖြစ်သေးသည်။ ထိုကျားနှစ်ကောင်တစ်ယောက်နှင့် တစ်ယောက်တိုက်ခိုက်ရာတွင် အနိုင်ရှုံးမသဲကွဲမခြင်း ဖှေးအား မကျေနပ်လျှင်ပင် ဖှေးနှင့် ပတ်သက်ရန်အတွက် အချိန်ရှိမည်မဟုတ်သေးပေ။ အလားလာကောင်းရှိသော ချမ်းဘော့ဒ်နှင့်ဖှေးအားတစ်ယောက်နှင့် တစ်ယောက်ယှဥ်ပြိုင်ရာ၌ပင် အသုံးချတိုက်ခိုက်လာနိုင်သည်။ ဤသည်မှာ သီအိုရီတစ်ခုမျှသာမဟုတ်ပေ။ ဤတိုက်ပွဲတွင် ဖှေးနှင့် ချမ်းဘော့ဒ်တို့ပြသခဲ့သည့်စွမ်းအားအား ထိုခွန်အားကြီးနှစ်ယောက်မျက်မြင်ဖြစ်သွားပြီဖြစ်သည်။

ဖှေ ဤကဲ့သို့ တွေးမိသဖြင့် ပဲရစ်အား ထွက်သွားခွင့်ပြုလိုက်ခြင်းဖြစ်သည်။

အခြေအနေများ ရှုပ်ထွေးနေမှသာလျှင် ဖှေးအတွက် အချိန်နှင့် အခွင့်လမ်းများစွာရမည်ဖြစ်သည်။ အကယ်၍ မင်းသမီးဘက်မှ ဝင်ပါလိုက်ပြီး ဒိုမင်ဂူ၏ အဓိက စွမ်းအားဖြစ်သော ပဲရစ်အားရှင်းလိုက်လိုက်ပါက အခြေအနေအနိုင်ရှုံးမှာ အနည်းငယ်သဲကွဲလာမည်ဖြစ်ပြီး ဖှေးအတွက်အခွင့်လမ်းများ ရှိမလာနိုင်တော့ပေ။

အဖြူရောင်ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် တောင်ဆင်းလမ်းလှေကားမှာ ကောင်းကင်ဘုံသို့သွားရာလမ်းကြောင်းတစ်ခုကဲ့သို့ ခမ်းနားလှသည်။

ဆောင်းဦးလေမှာ တိုက်ခတ်နေသည်။ အနည်းငယ် နွေးထွေးသော်လည်း မပူပြင်းလှချေ။ ဖှေးသည် သူ၏လက်ထဲတွင်ရှိသော မိန်းမလှသေး၏ ဆံနွယ်များကို ဆော့ကစားနေသည်။ ဤသည်မှာ သူတို့နှစ်ယောက် ပထမဆုံးအနေဖြင့် ဤမျှနီးနီးကပ်ကပ်နေဖူးခြင်းဖြစ်သည်။ မဟူယာမုန်တိုင်းမှာ လှေကားများပေါ်မှ ခုန်ဆင်းနေသည်။ သူ၏ ကြောပြင်မှာ ငြိမ်သက်နေ၏။ ဖှေး၏ လက်တစ်ဖက်သည် သူ၏ ဇနီးလောင်း၏ သွယ်လျသောခါးအား ပွေ့ဖက်ထားသည်။ နူးညံ့သောအထိတွေ့ခံစားမှုမှာ သူ၏လက်မှနေ၍ ဦးနှောက်သို့စီးဆင်းနေ၏။ လေထုထဲတွင် မွှေးပြသောရနှံ့တစ်ခုလဲ ရှိနေဖြင့် အသက်ရှူမှုတစ်ခုခြင်းစီတိုင်းသည် နှစ်သက်ဖွယ်ပင်။ ဖှေးသူ၏ ဆန္ဒများကို ချုပ်ထိန်းမထားပေ။ သို့သော် သူ၏စိတ်မှာ တည်ငြိမ်နေသည်။ ဤသည်မှာ ငြိမ်းချမ်းပြီး နွေးထွေးသော ခံစားချက်ပင်။

Hail the king(1-200)Where stories live. Discover now