Uni
=======
Hail The King
အပိုင်း(၁၇၀)အရှေ့ဆုံးမှ ချီတပ်နေသည့် ရှနူအီတိုင်းပြည်မှ သံမဏိချပ်ဝတ်ခြေလျင်တပ်မှာ တိုက်ခိုက်ခြင်းပင်မပြုလိုက်ရပဲ အကုန်သေဆုံးသွားကြသည်။ ထိုနောက်မှ ကပ်လိုက်လာကြသည့် လမင်းတိုင်းပြည်မှ ဓားစစ်သည်များလည်း ဇာတ်သိမ်းမလှချေ။ ၇၀% ၈၀%ခန့်မှာ ချက်ချင်းပင် သေဆုံးသွားခဲ့ကြ၏။ တစ်ခြားတိုင်းပြည်များမှ စစ်သည်များလည်း ဇာတ်သိမ်းမကောင်းကြချေ။ ချမ်းဘော့ဒ်တိုင်းပြည်မှ ခေါင်းဆောင်သည် အလွန်လုံခြုံစိတ်ချရသည်။ ရန်သူများကို ချမ်းဘော့ဒ် ဖွဲ့စည်းပုံနှင့် ၁၀ကိုက်ခန့်အနီးသို့ ရောက်သည်အထိ ကပ်ခိုင်းခဲ့သည်။ ဤအကွာဝေးတွင် အမျိုးသမီးမှော်လေးသည်တော်များ၏ ပစ်ခတ်မှုမှာ ၁၀၀ ရာခိုင်နှုန်းခန့်တိကျမည်ဖြစ်ပြီး ချမ်းဘော့ဒ်ထံသို့ချီတပ်လာကြသော ပူးပေါင်းတပ်ဖွဲ့မှစစ်သည်များသည်လည်း ပစ်ခတ်နိုင်သော နေရာအကွာအဝေးတွင် ရောက်ရှိနေကြမည်ဖြစ်သည်။
ချမ်းဘော့ဒ်ထံသို့ ချီတပ်လာနေသော စစ်သည်များသည် မှော်မြှားများကို မြင်လျှင်မြင်ခြင်း အနောက်သို့လှည့်ကာ အမြန်ပြန်လည်ဆုတ်ခွာခဲ့ကြသော်လည်း ဆုံးရှုံးမှုမှာ ကြီးမားဆဲဖြစ်သည်။ဤအဖျက်စွမ်းအားကြီးသော မှော်လေးမြှားတိုက်ခိုက်မှုမှာ နောက်ထပ်၃မိနစ်တိုင်အောင် ဆက်လက်ဖြစ်ပွား၏။
သုံးမိနစ်ခန့်အကြာတွင် အမျိုးသမီးမှော်လေးသည်တော်များ၏ မန်နာသည်လည်း ကုန်ခမ်းသလောက်ဖြစ်သွား၍ ဤဖြစ်ရပ်ဆိုးသည့် တိုက်ခိုက်မှုကြီးမှာလည်း နောက်ဆုံးတွင် ရပ်တံ့သွားပြီဖြစ်သည်။ ဤအချိန်တွင် ချမ်းဘော့ဒ်ထံသို့ ချီတပ်လာခဲ့ကြသော စစ်သည်ပေါင်း ၁၅၀၀ ကျော်ရှိသည့် အနက် တစ်ဝက်လျော့လျော့သာ အသတ်ရှင်ကျန်ခဲ့တော့၏။ အသက်ရှင်ကျန်ခဲ့သူအများစုမှာ အနောက်ဆုံးမှ ချီတပ်ခဲ့ကြသူများဖြစ်သည်။ အခြေအနေပြောင်းသွားသည်ကို မြင်သည်နှင့်တပြိုင်နက် အနောက်သို့ ချက်ချင်းလှည့်ကာ အမြန်ပြန်ပြေးနိုင်ခဲ့ကြသူများဖြစ်သည်။ သို့မဟုတ်ပါက ပူးပေါင်းတပ်ဖွဲ့တွင် သေဆုံးသည်အရေအတွက်မှာ ပိုမို၍များပြားခဲ့ နိုင်၏။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...