42

830 104 3
                                    

ဒီနေ့အပိုင်း20ပြည့်အောင်upမှာနော် ဒါဗြဲ

Uni
======
Hail The King
အပိုင်း(၄၂)

ကစားစရာအသစ်တစ်ခုရသော ကလေးတစ်ယောက်ကဲ့သို့ဖှေးသည် သူ၏ခါးပတ်နှင့် တစ်ခုပြီးတစ်ခု အသုံးချကြည့်နေ၏။

"ဝှစ်"

ဖှေး လက်ထဲသို့ ကျောက်တုံးပြန်ရောက်လာသည်။

"ဝှစ်"

ကျောက်တုံး ခါးပတ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်။ခါးပတ်ထဲ သို့အတွင်းအထုတ်မှန်သမျှအား စိတ်ဖြင့်ပင် ထိန်းချုပ်ခြင်းဖြစ်သည်။ထို့နောက်တွင် တပိုင်းတစပျက်စီး ယိုယွင်းနေပြီဖြစ်သည့် မျှော်စဥ်အတွင်းမှ ကျောက်တုံးအရွယ်အစားမျိုးစုံနှင့် ထက်မံစမ်းသပ်ကြည့်သည်။

ဖှေး ၏ ထားသိုနိုင်သောနေရာ အပေါ်စမ်းသပ်ခြင်းမှ ထားသိုမှုနေရာ တစ်ခုစီတိုင်းတွင် ဘောလုံးတစ်လုံးစာ အရွယ်အစားရှိကြီးမားသည့် ပစ္စည်းအားလုံးအား သိမ်းဆည်းထားနိုင်ကြောင်းတွေ့ရသည်။ သိမ်းဆည်းရာပစ္စည်း၏ အလေးချိန်မှာမူအရေးမပါချေ။

ထို့ကြောင့် ခါးပတ်အတွင်းရှိ ထားသိုရာနေရာတွင် ဘောလုံးအရွယ်ရှိ ပစ္စည်း၈ခုထားသိုနိုင်သည်ဟု ယူဆနိုင်သည်။ဖှေးသည် ထိုမျှသိမ်းဆည်းထားနိုင်မှု ပမာဏကိုပင် အလွန်ကျေနပ်သဘောကျနေပြီဖြစ်သည်။ဖှေး၏လူရိုင်းဇာတ်ကောင် အဆင့်မြင့်လာသည်နှင့်အတူ ဖှေးလဲ ပို၍အရည်အသွေးကောင်းသည့် ခါးပတ်များရရှိလာမည်ဖြစ်သည်။ထိုအချိန်တွင် ပစ္စည်းအရေအတွက် ပို၍များများပင်သိမ်းဆည်းနိုင်လာမည်။

"နောက်ဆုံးတော့ ငါ့မှာ ကိုယ်ပိုင်လျိူ့ဝှက် သိမ်းစရာနေရာလေးတစ်ခုရခဲ့ ပြီပဲ..."

ဒိုင်ယာဘလိုကမ္ဘာတွင် ဖှေးမသိသေးသည်မှာ များစွာရှိသေးကြောင်းလဲ ဖှေးသတိထားမိလာသည်။

[သူပုန်စခန်း]သည် စတင်သူများရောက်ရှိရာ နေရာတစ်ခုမျှသာဖြစ်သေးသည်။ ဖှေး အဆင့်မြှင့်လာသည်နှင့်အတူ ပိုအဆင့်မြင့်နေရာများစွာကိုလည်း ရောက်ရှိဦးမည်ဖြစ်သည်။သူ့အားမထင်မှတ်ထားသည့် အံ့သြစရာများစွာ စောင့်ကြိုနေမည်ပင်။

Hail the king(1-200)Where stories live. Discover now