Uni
======
Hail The King
အပိုင်း(၁၃၅)ပဲရစ်တစ်ခါမှ ဤမျှမစိုးရိမ်ဖူးပေ။ သူမတွင် အစီစဥ်များ ဝှက်ဖဲများကျန်ရှိနေသေးသော်လည်း ဤဘုရင်ငယ်လေးပြသသွားသည့် စွမ်းရည်မှာ သူမအား စိုးရိမ်စေသည်။ သူမ၏မသိစိတ်ထဲတွင် တစ်စုံတစ်ခု အတွက်မှားခဲ့သလို ခံစားနေရသည်။ သို့သော် ထိုအရာသည်ဘာမှန်း သူမ မသိချေ။
"သူ မရှိတော့ဘူး..."
အဖိုးကြီး မောဖီမှာ တောင်ထိပ်တစ်ဝိုက်အား သူ၏ မျက်လုံးဖြင့်လှည့်ပတ်ကြည့်ရှုလိုက်သည်။ သို့သော်ဖှေး ပုံးကွယ်နေသည့်နေရာအား ရှာမတွေ့ချေ။
"ငါသူ့ကို ရှာလို့မတွေ့ဘူး...."
"ဘာ...."
ပဲရစ်သည်ဘသူမ၏လှပသောမျက်နှာပေါ်ရှိ အံ့သြနေသော အမူအယာကိုဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ ထိုဘုရင်ငယ်လေးမှာ ကြယ်၆လုံးစစ်သည်၏ ရှာဖွေတွေ့ရှိခြင်းမခံရအောင် ပုန်းကွယ်ထားနိုင်၏။ ဤအမျိုးသမီးမှာ အဖြေတစ်ခုကို အမြန်တွေးလိုက်မိသည်။ "ဒါဆိုဒီလိုလုပ်လိုက် ချမ်းဘော့ဒ်မှာရှိတဲ့ စစ်သည်တွေ အစောငျ့တှကျေို စပြီးနှိတ်စက် သတ်ဖြတ်တော့ အဲ့တာဆို အဲ့ကောင်ထွက်လာလိမ့်မယ်...."
ပဲရစ်မှာ လူတစ်ဦး၏အားနည်းချက်ကို ရှာဖွေကိုင်တွယ်သည့်နေရာတွင် ဆရာတစ်ဆူပင်။
သို့သော်.....
"ပဲရစ် ငါထင်တာမမှားဘူးဆိုရင် ချမ်းဘော့ဒ်ကလးတွေ အကုန်လုံးက သေကုန်ကြပြီးထင်တယ်..."
မာဖီ တောင်ထိပ်မြေပြင်တစ်လျှောက်သို့ ထက်မံကြည့်ရှုလိုက်ပြီး ပဲရစ်အား စိတ်ရှုပ်ထွေးစေသည့် အဖြေတစ်ခုကို ပေးလိုက်သည်။ ဤလှပသော အမျိုးသမီးမှာ ဤကဲ့သို့ အခြေအနေအတွင်းမရောက်ရှိသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ဤအခြေအနေတွင် သူမ စွမ်းအားမဲ့သလိုခံစားနေရသည်။ လွန်ခဲ့သည့် ၁၆နှစ်က သူမ၏ မွေးစားအဖေသည် သူမအား မှောင်မဲနေသည့် မြေအောက်ခန်းထဲသို့ ထည့်သွင်းကာပိတ်ထားစဥ်ကသကဲ့သို့ ပြန်လည်ခံစားနေရသည်။
"သေစမ်း...ဒါဆိုလည်း သူ့ကိုထားလိုက်တော့....ကျွန်မသူတို့ဘက်က ကြယ်အဆင့်စစ်သည်တွေကို ထိန်းထားလိုက်မယ်...ခင်ဗျားက မင်းသမီးကို သွားသတ်လိုက်တော့...."
သူမ ထိုကဲ့သို့ပြောအပြီးတွင် စစ်မြေပြင်သို့ပြေးသွားပြီး ခရမ်းရောင်ဝတ်ရုံနှင့် မိန်းကလေးနှင့်တိုက်ခိုက်နေရာမှ တစတစအရေးနိမ့်လာနေပြီးဖြစ်သော လုပ်ကြံသတ်ဖြတ်သူကိုဘကူညီကာ ဝင်ရောက်တိုက်ခိုက်တော့သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...