65

738 85 2
                                    

Uni
======
Hail The King
အပိုင်း(၆၅) "အမျိုးသမီးသူပုန်၏ စွမ်းအားများတိုးတတ်လာမှု"

"ညီအမ အယ်လီနာ ဒါနင်အမြဲပြောပြောနေတဲ့ လူရိုင်းစစ်သည်အကိုလား။ဝိုး....သူက ငါထင်ထားတဲ့ပုံနဲ့မတူပါလား....လူရိုင်းက ဒီလောက်ခန့်ညားမယ်လို့ ငါထင်မထားဘူး....."

"ဟီးဟီး ဟုတ်ပ။ သူ့ရဲ့ကြွက်သားတွေကို ကြည့်ပါဦး...ခန္ဓာကိုယ်က တောင့်တင်းနေတာပဲ အန္တာရယ်များတဲ့ မြေရိုင်းလွင်ပြင်ကို တစ်ယောက်ထဲသွားနိုင်တာ မစမ်းပါဘူး..."

"အကို ညီအမအယ်လီနာကို သေချာဂရုစိုက်ပေးမှရမယ်နော်....သူမက မိန်းကလေးသူပုန်တွေထဲမှာဆို အလှဆုံးပန်းလေးလေ ၊ ပြီးတော့ အားကိုးရတဲ့မှော်လေးသည်တော် တစ်ယောက်လဲဖြစ်တယ်....ခစ်ခစ်....အကိုသိမှာတော့မဟုတ်ဘူး...အကိုတစ်ယောက်ထဲ ကျရှုံးပြီးပါလာဒင် ဂရစ်ဝေါလတ်နဲ့ ရင်ဆိုင်ဖို့ ထွက်သွားတဲ့အချိန်အတွင်းကဆို အယ်လီနာတစ်ယောက်အတော်စိတ်ပူပြီး ကျန်နေခဲ့တာ....သူ့အိမ်မက်ထဲမှာတောင် အကို့နာမည်ကို ယောင်ယောင်ပြီးခေါ်နေလေရဲ့....."

ပန်းပွင့်လေးများကဲ့သို့ အမျိုးသမီးသူပုန်များမှာ ဖှေးနှင့် အယ်လီနာအား ဝိုင်းအုံပြီး စကားပြောဆိုစနောက်ကာ ရီမောနေကြသည်။

အနည်းငယ်ပိုရဲတင်းသော အမျိုးသမီးငယ်တစ်ချို့မှာ ဖှေး၏ ကြွက်သားများအား သူမတို့၏ အေးစက်သောလက်များဖြင့် ထိကိုင်ကြည့်လျှက်ရှိကြသည်။ ထိုအေးစက်သောလက်များမှာ [သူပုန်စခန်း] အားမကောင်းဆိုးဝါးများ လက်မှ အနှစ်နှစ်အလလကာကွယ်စောင့်ရှောက်ခဲ့သည့် လက်များလည်းဖြစ်ကြသည်။

အမျိုးသမီးများ အုပ်စုဖွဲ့၍ "အနိုင်ကျင့်"စနှောက်ပါက ကြောက်စရာပင်ဖြစ်သည်။ ဖှေးပင် အမျိုးသမီးသူပုန်စစ်သည်များ သူ့အားပတ်ပတ်လည်ဝိုင်းနေသောကြောင့် နေရထိုင်ရခက်လာ၏။ အယ်လီနာ၏ မျက်နှာမှာလည်း ရှက်ကိုးရှက်ကန်းဖြစ်ကာ နီရဲနေ၏။ အခြေအနေမှာ တစ်ခြားဘက်သို့ ဦးတည်နေသည်ကို ဖှေးသိသွားသော် အယ်လီနာ၏ လက်သေးသေးလေးကို ဆွဲကာ ရှောင်ပြေးသွားတော့၏။ အမျိုးသမီးငယ်များမှာ ရယ်မောကာ ကျန်ခဲ့တော့သည်။

Hail the king(1-200)Where stories live. Discover now