158

580 51 1
                                    

Uni
======
Hail The King
အပိုင်း(၁၅၈)

အန်ဂျယ်လာနှင့် ကလေးများအား ဆေးပုလင်းဖော်စပ်နည်းအခြေခံများကို သင်ကြားပေးနေသာ အာကာရာပင်လျှင် စကားပြောနေခြင်းကို ရပ်တံ့လိုက်ပြီး လှမ်းကြည့်လိုက်သည်။

သူမလည်း အယ်လီနာ၏ ခန္ဓာကိုယ်မှ လာသော ပြောင်းလဲမှုများကိုခံစားနေရသည်။

ထိုအခိုက်တန့်တွင် ဘယ်နေရာကရောက်လာမှန်းမသိသည့် စွမ်းအင်များသည် အယ်လီနာ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းပင်ဝင်ရောက်သွားသည်။ ထိုစွမ်းအင်များသည် မတူညီသည့် ဂုဏ်သတ္တိရှိသည့် စွမ်းအင်များဖြစ်ကြသဖြင့် ပူးတွဲမတည်ရှိနိုင်ကြချေ။ စွမ်းအင်တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြပြီး အယ်လီနာ၏ ခန္ဓာကိုယ်အား တိုက်ပွဲမြေပြင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။

စစ်သည်တိုင်းအတွက် ယခုအခြေအနေသည် သေစေနိုင်သည့် အခြေအနေဖြစ်သည်။

မတူညီသည့် စွမ်းအင်ခြင်းထိတွေ့မိရာမှ ပေါက်ကွဲမှုများသည် ခန္ဓာကိုယ်၏ အသားများ၊အရိုးများကို တစ်စစီကြေမွသွားစေနိုင်သည်။

လက်ရှိအခြေအနေတွင် အယ်လီနာ၏ အရေပြားတစ်ခုလုံးနီရဲလျှက်ရှိပြီး တချို့နေရာများမှ သွေးများစိမ့်ထွက်နေသည်။ အဝေးမှ ကြည့်ပါက အယ်လီနာသည် အနီရောင်မီးတောက်များလွှမ်းခြုံနေသကဲ့သို့ပင်။ သူမ၏ လေးကိုကိုင်ထားသည့် လက်များပေါ်တွင် သွေးကြောများထောင်ထနေသည်။ သူမ၏ အဖြူရောင်သွားများသည် နှုတ်ခမ်းများကို အံကြိတ်ကိုက်ထားသောကြောင့် သွေးများစီးကျနေ၏။

အယ်လီနာသည် အလွန်ပြင်းထန်သည့် နာကျင်မှုကို ခံစားနေရသည်မှာ အသေအချာပင်။

"ဘာတွေဖြစ်ကုန်တာလဲ..." အသိဉာဏ်များစွာရှိသော အာကာရာတစ်ယောက်ပင်လျှင်အယ်လီနာတွင် ဖြစ်ပေါ်နေသည့်အရာများကို နားမလည်နိုင်ဖြစ်နေရ၏။ အမျိုးသမီးသူပုန်များ ဤကဲ့သို့ဖြစ်ခြင်းကို သူမ၏ တစ်သက်နှင့် တစ်ကိုယ်တစ်ခါမျှ မကြုံဖူးသေးပေ။

"ဝှစ် ဝှစ် ဝှစ် ဝှစ်"
တွေဝေနေရန်အတွက် အချိန်မရှိပေ။ အာကာရာသူမ၏လက်ကိုမြောက်လိုက်ရာ အဖြူရောင်အလင်းတစ်ချို့ထွက်ပေါ်လာပြီး အယ်လီနာ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။

Hail the king(1-200)Where stories live. Discover now