Uni
=====
Hail To The King
အပိုင်း(၅)ဖှေးသည် လျင်မြန်စွာပဲ နေသားတကျဖြစ်လာသည်။ယခင်က သွေးထက်သံယိုမှုများမြင်တိုင်း မူးမိုက်ပျို့အန်တက်သော်လဲ ယခုအချိန်တွင် မတုန်လှုပ်တော့ပဲ သွေးအေးအေးပင်။ဖှေး၏ခန္ဓာကိုယ်ပေါ်မှ ပူလောင်နေသော မကောင်းဆိုးဝါးသွေးများသည် သူ့ကို ငရဲကျနေသလိုပင် ခံစားရစေခဲ့သည်။သို့သော်နာရီအနည်းငယ်ကြာသော် ဖှေးနေသားကျလာသည်။
သွေးအေးလူသတ်သမားတစ်ဦး အတိုင်းပင်ဖြစ်လာ၏။ထိုဂိမ်း၏အဓိကရည်ရွယ်ချက်မှာ သက်ဖြတ်ခြင်းပင်ဖြစ်သည်။
အရာအားလုံးမှာ စစ်မှန်ပီပြင်နေသည်။
သူ၏ကြွက်သားများပင် နာကျင်ကိုက်ခဲလာပြီ ဖြစ်၏။
အကယ်၍သူသေသွားခဲ့လျှင်လည်း ဂိမ်းထဲမှအတိုင်းပင် ပြန်ရှင်သန်လာနိုင်လားဆိုတာကိုတော့ ဖှေးမသေချာ။ သို့သော် သူစမ်းသပ်မကြည့်ရဲပေ။အန္တရာယ်များလှသည်။
၃နာရီခန့် သတ်ဖြတ်ပြီးသော် သူ၏မူရင်းဂိမ်းကစားရာမှ ရရှိခဲ့သော ဗဟုသုတများသည် ဒီကမ္ဘာတွင် သိပ်အသုံးမဝင်ကြောင်း ဖှေး သတိထားမိလာသည်။သည်ကမ္ဘာ၏ အခြေအနေအရပ်ရပ်တို့ကို သိရှိနိုင်ရန်လဲ ဖှေးအစွမ်းကုန်ကြိုးစားနေ၏။
ဒီရက်စက်ကြမ်းကြုတ်ပြီး သွေးလွှမ်းနေသည့် ကမ္ဘာတွင် [ခွန်အား] နှင့် [ရှင်သန်နိုင်စွမ်း]သည် "လူရိုင်း" ဇာတ်ကောင်အတွက် အရေးကြီးဆုံးသော ဂုဏ်သတ္တိများဖြစ်၏။ [ခွန်အား]သည် သင်၏တိုက်ခိုက်မှုများကို ပိုမိုထိရောက်စေပြီး [ရှင်သန်နိုင်စွမ်း]များများရှိမှ တိုက်ပွဲတွင် ကောင်းကောင်းအကြမ်းခံ အနာခံနိုင်မည်ဖြစ်သည်။ သွေးဆာနေသော မကောင်းဆိုးဝါးများထံမှ ထွက်ပြေးရသည့်အခါတွင်လည်း သက်လုံကောင်းကောင်းပေးသည်။
သူ၏ ကျွမ်းကျင်မှုဆိုင်ရာ အမှတ်များကို [လက်နက်ဆိုင်ရာ ကျွမ်းကျင်မှု] နှင့် [ဟိန်းဟောက်ခြင်း]တို့တွင် အသုံးချရသည့် အကြောင်းအရင်းမှာ--- ဖှေးသည် လက်နက်များကို မည်ကဲ့သို့ စနစ်တကျ ကိုင်တွယ်အသုံးပြုရမည်ဆိုတာကို မသိချေ။သူသည် သာမာန်ကျောင်းသားတစ်ယောက်သာ ဖြစ်သည်။ထို့ကြောင့် [လက်နက်ဆိုင်ရာ ကျွမ်းကျင်မှု]သည် သူ့အား သူ၏ပုဆိန်ကို ပိုမိုထိထိရောက်ရောက်အသုံးပြုနိုင်ရန် အထောက်ကူပြုပေလိမ့်မည်။ သားရဲတိရိစ္ဆာန်များ အဝိုင်းခံရသည့်အခါ [ဟိန်းဟောက်ခြင်း]ကို အသုံးပြုကာ ခြောက်လှန့်မောင်းထုတ်နိုင်ပေမည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...