Uni
========
Hail The King
အပိုင်း(၁၈၃)လယ်ဗယ်၄ရှိသော သမန်းဝက်ဝံမှာ မိနစ်၃၀ခန့် ပွောငျးလဲထားနျိုငျသညျ။ ဖှေး လူပုံပြန်ပြောင်းမည့်အချိန်ရောက်ပါက လိုဏ်ဂူ၏ ဒေါင့်ကွယ်ဟန်သဘောရှိသည့်နေရာတစ်နေရာသို့ဝင်လိုက်ပြီး သမန်းဝက်ဝံအဖြစ်ပြန်ပြောင်းကာ နောက်ထက်မိနစ်၃၀ကြာ ခရီးဆက်မည်ဖြစ်သည်။
ဒိုင်ယာဘလိုကမ္ဘာမှ အစွမ်းများကိုအသုံးပြုရန်အတွက် အချိန်စောင့်ဆိုင်းစရာမလိုသည်မှာအဆင်ပြေသည်။ ဖှေးတွင် မန်နာကျန်ရှိနေသေးပါက အစွမ်းကို အကြိမ်ပေါင်းများစွာ ဆက်တိုက်အသုံးပြုနိုင်သည်။ ဖှေး၏ အစွမ်းကို အကြိမ်ပေါင်းများစွာအသုံးပြု၍ လေ့လာရန်အတွက် လိုဏ်ဂူအရှေ့သို့လျှောက်လာခဲ့၏။ လေးနာရီငါးနာရီခန့်အကြာတွင် လေတိုက်နှုန်းသည် ငြိမ်သက်စပြုလာသည်။ နောက်တစ်နာရီခန့်အကြာတွင် လေးစီးကြောင်းမှာ ထူးဆန်းစွာပင် ပျောက်ကွယ်သွားတော့၏။
လိုဏ်ဂူသည် ဘာမှမဖြစ်ခဲ့သည့်အတိုင်းထက်မံငြိမ်သက်သွားပြန်သည်။
ဖှေစ လူအဖြစ်သို့ ပြန်ပြောင်သလိုက်ပြီး လိုဏ်ဂူအား ပိုမိုလျှင်မြန်စွာလေ့လာနိုင်ရန်အတွက် မြေခွေးသုံးကောင်ကို ထက်မံဆင့်ခေါ်လိုက်သည်။
အချိန်များတရွေ့ရွေ့ကုန်ဆုံးသွား၏။ ဖှေးသည် လားရာအရပ်များကိုပင် သတိမထားနိုင်သကဲ့သို့ခံစားနေရသည်။ ဤလိုဏ်ဂူအတွင်းသို့ ရောက်ရှိနေသည်မှာ တစ်ရက်ခန့်ပင်ကြာမြင့်နေပြီဖြစ်ကြောင်း ဖှေးခန့်မှန်းမိ၏။ ကွေ့ပေါင်းများစွာနှင့် အတက်ဆင်းပေါင်းများစွာတို့ကို ကျော်ဖြတ်ခဲ့သော်လည်း ဖှေးမည်သည့်အရာကိုမှမတွေ့ရသေးချေ။ အဆုံးမရှိသောဝင်္ကဘာတစ်ခုကဲ့သို့ပင် ဖြစ်နေ၏။
နောက်ဆုံးတွင် ဖှေးခနအနားယူပြီး ဒိုင်ယာဘလိုကမ္ဘာသို့သွားကာ လေ့ကျင့်ရန်ဆုံးဖြတ်လိုက်သည့်အချိန်တွင် ရှေ့ဆုံးမှသွားနေသော မြေခွေး၏ စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်သံကိုကြားလိုက်ရပြီး ထိုမြေခွေးမြင်တွေ့နေရသည့် မြင်ကွင်းသည် ဖှေး၏ခေါင်းထဲတွင် ပေါ်လာတော့သည်။ မယုံနိုင်လောက်အောင် ကျယ်ပြန့်လှသည့်နေရာကြီးတစ်ခုဖြစ်သည်။ ထိုနေရာ၏အလည်တွင် အဖြူရောင်အရိုးပေါင်းများစွာကို ပိရမစ်ကြီးတစ်ခုကဲ့သို့ စုပုံထား၏။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...