123

586 60 1
                                    

Uni
=======
Hail The King
အပိုင်း(၁၂၃)

သို့သော် ကလန်ကဆန်လုပ်သော လူတစ်ချို့လဲရှကြသည်။ ကုန်သည်အကြီးစားများနှင့် ဗွီစကောင့်လူးဝစ်၏လက်အောက်ခံ အပေါင်းပါဆွေကြီးမျိုးကြီးများသည် ဘရွတ်၏ ရွှေ့ပြောင်းမှုကိုလက်မခံပဲ မရွေ့လိုဟုဆိုကာဘုရင်အလတ်ဇန္ဒား၏အမိန့်ကို တိုက်ရိုက်ငြင်းဆန်ကြသည်။ ဤကိစ္စအားဘရွတ် ဖှေးအားပြန်ပြောသည့်အချိန်တွင် ဖှေးသည် ပြုံးပြီး ထိုသူများအားဒီတိုင်းသာထားလိုက်ရန် အမိန့်ပေးလိုက်သည်။

နေမထွက်မှီ နှစ်နာရီခန့်လိုသေးရာ နန်းတော်တစ်ခုလုံးသည် အလုပ်များစပြုလာပြီဖြစ်သည်။

အစေခံများသည်လည်း ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်နေကြသည်။ အန်ဂျယ်လာနှင့် အမ်မာတို့လဲ အလုပ်များနေကြသည်ဖြစ်သည်။ အဘိုးကြီး ဘတျဈတဈယောကျဆျုလြှငျ တစ်ရေးမှပင်မအိပ်ရသေးချေ။ နန်းတော်အတွင်း၌ပင် ပွဲစဥ်အစီစဥ်များကို ခနခနပြန်လည်စစ်ဆေးကြည့်ရှုနေသည်။

ဤအချိန်တွင် ဖှေးလုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်သည်။

ထို့နောက်ဖှေးနှင့် မဟူယာမုန်တိုင်းတို့သည် ညအမှောင်ထုအောက်တွင် ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများစီသို့ ဒုန်းစိုင်း၍ထွက်ခွာသွားတော့သည်။ ကျောက်တုံးခန်းမအတွင်းသို့ရောက်သောအခါ ဖှေး [ဆင့်ခေါ်ခြင်း]ကို အသုံးပြုပြီး အယ်လီနာနှင့် ညီအမများကိုဆင့်ခေါ်လိုက်သည်။ ဆေးပုလင်းများနှင့် တစ်ခြားလိုအပ်လာနိုင်သည့်ပစ္စည်းများကိုလည်း ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့နောက်တွင် ခေါင်းဆောင်ပီတာနှင့် အထူးသံမဏိစစ်သည်တစ်ရာတို့ကို ခေါ်လိုက်ပြီး တာဝန်အသီးသီးချပေးလိုက်သည်။

ကျောက်တံတားပေါ်တွင် တိုက်ခိုက်ခဲ့သည့် စစ်သည်၂၀သည်လည်း တာဝန်အသီးသီးရရှိပြီးဖြစ်သည်။ သူတျို့ထဲမှတခြို့နှငျ့ ဖှေးနှင့် လိုက်ခဲ့ရမည်ဖြစ်ပြီး တစ်ချို့သည် နန်းတော်အားကာကွယ်ရန်နေခဲ့ရမည်ဖြစ်သည်။

စီစဥ်စရာရှိသည်များ စီစဥ်ပြီးသည့်အချိန်တွင် ဖှေး ဟော့ခ်ဆေးပုလင်းအရှိန်ကြောင့် အနည်းငယ်စိမ်းနေဆဲ ဖြစ်သည့် လူသန်ကြီး၁၀ယောက်အားခေါ်ပြီး အန်ဂျယ်လာအန်မာတို့နှင့်အတူ တော်ဝင်မြင်းလှည်းကိုစီးကား ထီးနန်းလက်ခံရန်အတွက် ချမ်းဘော့ဒ်အရှေ့ဘက်တောင်ထံသို့ထွက်လာခဲ့သည်။ ချမ်းဘော့ဒ်၏ထုံးထမ်းစဥ်လာများအရ အရှေ့ဘက်တောင်အားနေစတင်ကျရောက်သည့်အချိန်တွင် ဖှေး မင်းသရဖူအားလက်ခံရမည်ဖြစ်သည်။
.........

Hail the king(1-200)Where stories live. Discover now