Uni
======
Hail The King
အပိုင်း(၁၆၁)ဇူလီမြစ်ထဲတွင် ရေများတသွင်သွင် စီးဆင်းနေပြီးအေးစက်သော လေညင်းမှာလဲတိုက်ခတ်နေသည်။
တိုင်းပြည်ကိုးခု ပူးပေါင်းထားသည့် တပ်ဖွဲ့မှာ ဇူလီမြစ်ကမ်းမှ မီတာအနည်းငယ်အကွာဝေးသို့ရောက်သည့်နေရာတွင် ရပ်တံ့လိုက်ကြသည်။ သူတို့၏ ဖွဲ့စည်းပုံမှာ ပြန့်ကျဲနေသည်၊ မြင်းများသည်လည်း ဆူညံသံမျိုးစုံပြုလုပ်လျှက်ရှိပြီး၊ စစ်သည်များ၏ ခြေလှမ်းများမှာလည်း ညီညာမှုမရှိခြေ။ ရပ်တန့်ပြီးချိန်တွင် အလံများကိုပင် ဖြောင့်ဖြောင့်မက်မက်ကိုက်ဆောင်မထားကြပေ။ စစ်ဘက်ဆိုင်ရာအတွေ့ကြုံများမရှိသူပင်လျှင် သူတို့အားလုံးသည် ကျွမ်းကျင်သူများမဟုတ်ကြောင်း ကြည့်ရုံဖြင့်ပင် ပြောနိုင်၏။ တောင်တန်းများနှင့် သမုဒ္ဒရာကဲ့သို့ တညီတညာရွေ့လျားကြသော အမဲရောင်ချပ်ဝတ်စစ်သည်များတပ်ဖွဲ့နှင့် နှိုင်းယှဥ်ပါက ဤတိုင်းပြည်ကိုးခူပေါင်းစည်းထားသည့် တပ်ဖွဲ့မှာ သာမညပင်။
သို့သော် ဤတပ်ဖွဲ့မှာ သူတို့၏အင်အားအပေါ် ယုံကြည်ချက်ရှိပုံရ၏။
"တစ်ခါလောက်တိုက်ပြီးရင်တော့ ချမ်းဘော့ဒ်ကို ကျရှုံးစေဖို့နဲ့ အဲ့မာနထောင်လွှားနေတဲ့ဘုရင် အလတ်ဇန္ဒားကို လာပြီးဒူးထောက် အသနားခံခိုင်းဖို့ လုံလောက်ပြီထင်တယ်...." ရှနူအီတိုင်းပြည်၏ ဘုရင်မှာ သူ၏မြင်းဖင်ကို ကြာပွတ်ဖြင့်ရိုက်လိုက်ပြီး ယုံကြည်ချက်ရှိစွာပြောလိုက်သည်။
"ငါ့အမိန့်ကိုပြောလိုက်ကြ ချမ်းဘော့ဒ်တိုင်းပြည်ကျပြီဆိုရင် တိုင်းပြည်ထဲက အမျိုးသားတွေအကုန်လုံးကို ကျွန်အဖြစ်ဖမ်းဆီးလိုက်ကြ...ဒီတိုင်းပြည်ကို သင်ခန်းစာကောင်းကောင်းပေးမှဖြစ်မယ်..." ချက်တိုင်းပြည်၏ ဘုရင်မှာ သူ၏ စိတ်လှုပ်ရှားမှုကိုပင်မထိန်းချုပ်နိုင်တော့ပေ။ သူ့နောက်တွင်ရှိသော စစ်သည်များမှာ ကျွန်များဖမ်းဆီးရန်အတွက် လှောင်အိမ်များ သံချိန်းကြိုးများပင် ပြင်ဆင်နေသည်။
"အဲ့သောက်ဘုရင် ငါ့မြင်းရှေ့မှာ ဒူးထောက်ပြီး အသနားခံတာကိုလိုချင်တယ်...သူမှာက အတော်ချောတဲ့ဇနီးလောင်းတစ်ယောက်လဲ ရှိတယ်လို့ကြားတယ် ဟီးဟီး သူမ လမင်းတိုင်းပြည်ကိုရောက်လာမယ်ဆိုရင် အိမ်သာဆေးကြမ်းတိုက်ခိုင်းလို့ရတာပေါ့....." လမင်းတိုင်းပြည်၏ မင်းသားအကြီးမှာ သူ၏မျက်နှာကို ကာကွယ်ထားသည့် ဦးဆောင်းကို ချွတ်ပြီး တနာရူးအပြုံးတစ်ခုဖြင့်ပြောလိုက်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...