80

764 92 3
                                    

Uni
======
Hail The King
အပိုင်း(၈၀) "သူပုန်စခန်း၏ မဟာခေါင်းဆောင်ကြီး"

သူမ၏အနီရောင်ဆံပင်များမှာ လေထဲတွင်တောက်လောင်နေသော မီးတောက်များကဲ့သို့ပင်။  သူမဝတ်ဆင်ထားသော ချပ်ဝတ်ပေါ်တွင် ရှေးကျသောမှော်သင်္ကေတများစွာရေးထိုးထားပြီး ချပ်ဝတ်မျက်နှာပြင်တွင်လည်း မှော်စွမ်းအင်များစွာလှည့်လည်စီးဆင်းနေသည်ကိုတွေ့ရသည်။ အဖြူရောင် လယ်သာဖိနပ်မှာ သူမ၏ ဒူးအထိနွယ်ပင်များကဲ့သို့ ရစ်နွယ်ထား၏။ သူမ၏ ချောမွေ့သော ပေါင်တံများမှာ ပေါ်လွင်နေပြီး သွယ်လျကာ လှပလျှက်ရှိ၏။ နှင်းကဲ့သို့ပင် ဖြူဖွေးနေကာ အသက်ရှူမှားနိုင်လောက်အောင်ပင် ဆွဲဆောင်နိုင်စွမ်း ရှိသည်။ သူမ၏ ခါးမှာလည်းသေးသွယ်နေပြီး လက်နှစ်ဖက်ထဲဖြင့်ပင် ဆုပ်ကိုင်နိုင်သည်ဟုထင်ရသည်။ သူမ၏ ရင်သားများမှာ ဝတ်ဆင်ထားသောလယ်သာချပ်ဝတ်အောက်တွင်ပင် ထင်ရှားနေဆဲပင်။ သူမ၏ ထူးကဲစွာလှပသည်မျက်နှာမှာ စိုက်ကြည့်မိသူကို အပြစ်မကင်းသလိုပင်ခံစားရစေသည်။

သူမမှာ အန်ဒယ်လ်လီရှာ-အယ်လီနာပင် ဒိုင်ယာဘလိုကမ္ဘာတစ်ခုလုံးရှိ အမျိုးသမီးစစ်သည်များထဲတွင်အလှဆုံး ပန်းလေးတစ်ပွင့်ဖြစ်သည်။

သူမ အချိန်နှင့်နေရာကို ဖြတ်သန်းခရီးသွားလာပြီး ပေါ်တယ်အတွင်းမှ တိတ်တဆိတ်ထွက်လာကာ နန်းတော်ခန်းမဆောင်အတွင်းသို့ရောက်လာပြီး ဖှေးအရှေ့တွင်ရပ်နေလိုက်သည်။

အယ်လီနာ၏ အလှမှာ ပွင့်လန်းလာပြီဖြစ်သည်။

အေဒရီရယ် အကြောက်တရားများရဲ့ သခင်ကြီး ဒိုင်ယာဘလိုနှင့် ချစ်ကြိုက်မိကာ မကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည့် အချိန်မှစပြီး အချိန်အတန်ကြာသည်အထိ မည်သူမျှဒိုင်ယာဘလိုကမ္ဘာတွင် အလှဆုံးပန်းဟူသော ဂုဏ်ပုဒ်ကို သုံးနုန်းလေ့မရှိကြတော့ပေ။ သို့သော်ထိုအရာမှာ အယ်လီနာ မမွေးခင်အချိန်ထိသာဖြစ်သည်။ ဤငယ်ရွယ်သော အမျိုးသမီးစစ်သည်မှာ အေဒရီရယ်အား နှိမ်နင်းသတ်ဖြတ်ပြီးနောက်တွင် သူမ၏အလှတရားနှင့် ရဲရင့်မှုတို့ကြောင့် ကျော်ကြားလာခဲ့တော့သည်။

Hail the king(1-200)Where stories live. Discover now