26

853 105 2
                                    

Uni
======
Hail The King
အပိုင်း(၂၆)

"ဒီခွေးသားကတော့ ငါပုံမှန်ပြန်ဖြစ်လာတာကို သိတာတောင် ငါ့အမိန့်ကို မနာခံဘူးပေါ့။ဒီကောင့်ငါ့ကို ဘုရင်လို့ မထင်တာလား...။ ဘယ်သူဆရာလဲပြရသေးတာပေါ့။"ဖှေးတွေးလိုက်မိ၏။

"ပီးရာ့စ်စစ်သားအယောက်၂၀ကိုခေါ်သွား ငါဘာအကြောင်းပြချက်မှမလိုချင်ဘူး ဂေးလ်ကို ဒီအရောက်ခေါ်ခဲ့။ကြိုးချည်ပြီးတော့ခေါ်ရခေါ်ရရောက်အောင်သာခေါ်ခဲ့လိုက်။ တကယ်လို့တစ်ယောက်ယောက်က တားဖို့ကြိုးစားရင် တားဖို့ကြိုးစားတဲ့သူကိုပါ တစ်ခါထဲ သတ်ပစ်လိုက်လို့ရတယ်။"ဖှေး၏အသံမှာ အေးစက်မာကြောနေသည်။ လူတိုင်းဘုရင်၏ ဒေါသအားခံစားမိကြ၏။

"ဟုတ်ကဲ့ပါအရှင်မင်းကြီး။"

ပီးရာ့စ် ပျော်ရွှင်သွား၏။ ထိုကဲ့သို့ တည်ကြည်ပြတ်သားသော ဘုရင်၏ လက်အောက်တွင် အလုပ်လုပ်ချင်ခဲ့သည်မှာကြာပြီဖြစ်သည်။စစ်သားများကိုခေါ်ပြီး ခံတပ်နံရံပေါ်မှ လျှင်မြန်စွာထွက်ခွာသွား၏။

"ဘရွတ် စစ်တရားသူကြီး ကွန်းကနဲ့ဝါဒန်တို့ကိုလည်းခေါ်ဖို့လူလွှတ်လိုက် သူတို့လဲ မနာခံရင် အဲ့နေရာမှာတင်သတ်ပစ်ကွာ။"

ဖှေး ထိုသွေးအေးသော အမိန့်နှစ်ခုပေးလိုက်၏။ သူသည် ထိုပုဂ္ဂိုလ်များအား သင်ခန်းစာပေးတော့မည်ဖြစ်သည်။

မနေ့ညက ဒဏ်ရာရစစ်သားများကို ကုသပေးခြင်းမှာ သူ၏ကြင်နာမှုကို ပြသရန်ဖြစ်ပြီး တိုက်ပွဲမှရှောင်လိုသော လူကုံထံများကို ဖမ်းချုပ်ခြင်းမှာ မိမိ၏မာကြောမှုကိုပြသရန်ဖြစ်သည်။ဤအရာမှာဖှေး ချမ်းဘော့ဒ်တိုင်းပြည်အတွင်းရှိအကျင့်ပျက်မှုများအား ဖြေရှင်းရန် မနေ့ညကတွေးခဲ့သော အကြံစည်ဖြစ်လေသည်။

ထိုအချိန်တွင် မျှော်စဥ်ထဲကထွက်လာသော အန်ဂျယ်လာအားတွေ့လိုက်ရသည်။ သူမ၏နောက်တွင် အန်မာတစ်ယောက် အိပ်ချင်မှူးတူးနှင့်လိုက်ပါလာ၏။ဖှေးကိုမြင်သော အန်မာမှာ "နင်ဘာလုပ်ရမလဲဆိုတာ သိတယ်မလား"ဟု အဓိပ်ပါယျရသော အထာနှင့် မျက်စပစ်ပြလိုက်သည်။

ဖှေးလဲ ပြန်ပြုံးပြလိုက်သည်။

ယခုအခါတွင် အန်မာ၏ ဖှေးအပေါ်တွင် အမြင်မကြည်မှုများမရှိတော့ချေ။

Hail the king(1-200)Where stories live. Discover now