အပိုင်း ၆၆၁ : ငါးနှစ်ကျော် ကျင့်ကြံခဲ့ကြသူများသည် အခြေခံအုတ်မြစ် အဆင့်တွင်...

811 56 1
                                    

စာစဥ် ၃၅: အပိုင်း ၁၁

အပိုင်း ၆၆၁ : ငါးနှစ်ကျော် ကျင့်ကြံခဲ့ကြသူများသည် အခြေခံအုတ်မြစ် အဆင့်တွင် ရောက်နေကြပြီ

နောက်ဆုံးတွင် နှလုံးသားကို ဖော်ပြသော လှေကားများကို အောင်မြင်စွာနှင့် ဖြတ်ကျော်နိုင်သူ ထွက်လာခဲ့သည်။ သို့သော်လည်း လူနှစ်ယောက်က တစ်ပြိုင်နက်တည်း ထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

တစ်ယောက်မှ အသက်၁၅နှစ်သာ ရှိသေးသော လူငယ်တစ်ယောက် ဖြစ်၏။ သူ၏အကြည့်သည် တည်ငြိမ်ရင့်ကျက်မှုများဖြင့် စူးရှနေ၏။ ထိုလူငယ်သည် သူ၏ စိတ်ကြံ့ခိုင်မှုကို ပြသခဲ့ပြီး အခြေခံအုတ်မြစ် အဆင့်မှ ကျင့်ကြံမှု အဆင့်တွင် ရောက်ရှိခဲ့ပြီး ဖြစ်သည်။ လေလေသည် သူ့အားကြည့်လိုက်ပြီးနောက် ငြိမ်သက်သွားခဲ့သည်။

အခြားသော သူတစ်ယောက်မှာ သူ့ထက်ပင် အသက်ငယ်သေးသော လူငယ်တစ်ယောက် ဖြစ်၏။ သူသည် အလွန်အမင်း ထက်မြက်သည်ဟု ထင်နေရ၏။ သူသည် ၁၀နှစ်ပင် ပြည့်သေးသည်ဟု မထင်နေရချေ။ သူသည် ခရမ်းရောင် ဝတ်စုံတစ်ခုအား ဝတ်ဆင်ထားသည်။ ဒါသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များ၏ ဝတ်စုံနှင့် ပုံစံ ကွဲပြားနေသော်လည်း အဝတ်စမှာ အတူတူပင် ဖြစ်၏။

ထို့ကြောင့် အားလုံးတို့သည် ထိုလူငယ်က ဖြတ်လမ်းနည်းများကို အသုံးပြု၍ ထိပ်ဆုံးသို့ ရောက်နိုင်ခဲ့သလော ဟူသည်ကို သံသယ ဖြစ်မိသည်။ သို့သော်လည်း သူနှင့်အတူ ခွန်းလွန်တောင်သို့ အတူတကွ လာခဲ့ကြသောသူများသည် သူက တပည့်အဖြစ်လက်ခံရန် လာရောက်ခဲ့စဥ်က စုတ်ပြတ်သတ်နေ၍ ညစ်ပတ်နေကြောင်းကို သိခဲ့သည်။ သူသည် သူတောင်းစား တစ်ယောက်နှင့်ပင် တူနေခဲ့၏။

သူသည် ဇူရီ၏ စစ်ဆေးမှုများကို အောင်မြင်သွားသော အချိန်မှသာ ဇူရီကသူ့အား ရေချိုးစေခဲ့ကာ အဝတ်အသစ် တစ်စုံပေးခဲ့ခြင်း ဖြစ်သည်။ ပြီးမှသာ သူက ခွန်းလွန်တောင်သို့ ကျန်သောသူများနှင့် လာခဲ့ခြင်းဖြစ်သည်။

သူတို့နှစ်ယောက်တို့သည် ယွင်တောင်ထိပ်သို့ ပထမဦးဆုံး ရောက်ခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့သည် သူတို့အား ထိုနေရာတွင် စောင့်ကြိုနေသော လီယွမ်ဖန်းအား တွေ့လိုက်ရ၏။ သူသည် ဤစမ်းသပ်မှုများကို အောင်မြင်ကြသော သူများကို လာရောက် ကြိုဆိုနေခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now