အပိုင်း ၉၀၅ : ကယ်တင်ခြင်း

307 37 1
                                    

စာစဥ် ၄၇ : အပိုင်း ၁၅

အပိုင်း ၉၀၅ : ကယ်တင်ခြင်း

ငရဲကိုးလွှာ တောင်ထိပ်အား ဖုံးလွှမ်းထားသော အလင်းတန်း လိုက်ကာသည် ပြင်ပကမ္ဘာနှင့် ဆက်သွယ်မှုများကိုသာ တားဆီးထားခြင်း မဟုတ်ပဲ ပြိုင်ဘက်များ၏ လွတ်လမ်းများကိုလည်း ပိတ်ဆို့ထားခြင်း ဖြစ်သည်။

လင်းဖုန်း၏ မိုးကြိုးနဂါး ကိုယ်ပွားသည် သူ၏ သဘာဝလွန် အသိစိတ်ဖြင့် ပတ်ဝန်းကျင်အား အကဲခတ်လိုက်ကာ ငရဲကိုးလွှာ တောင်ထိပ်၏ အတွင်း၌ လျှို့ဝှက်မှော်ကျိန်စာ အခမ်းအနား တစ်ခုကို ပြုလုပ်နေကြောင်း အတည်ပြုနိုင်ခဲ့သော်လည်း သူလှုပ်ရှားလိုက်လျှင် သူ၏ လုံ့လများသည် အလဟဿ ဖြစ်သွားမည် ဖြစ်သဖြင့် ဖန်းရှီး မဟာပဏ္ဍိတသည် လွတ်မြောက်သွားနိုင်ခဲ့သည်။

ဖန်းရှီး မဟာပဏ္ဍိတသည် သူ့ကိုယ်သူ မီးတင်ရှို့လိုက်သည်ကို တွေ့လိုက်ရသော်လည်း လင်းဖုန်းသည် သူ၏ ခြေလှမ်းများကို မရပ်တန့်ခဲ့ပေ။ သူ့ပြိုင်ဘက်၏ လျှို့ဝှက်မှော်ကျိန်စာသည် အတော့်ကို ထူးခြားမှန်းကို သိရှိလိုက်သည်။

မိုးကြိုးနဂါး ကိုယ်ပွားသည် ဟင်းလင်းပြင် အတွင်း၌ ကောင်းစွာ ပုန်းအောင်းနေခဲ့သည်။ သူ၏ မျက်လုံးများ အတွင်းမှ အဆုံးမဲ့ မိုးကြိုးလျှပ်စီးများက လင်းလက်နေခဲ့၍ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ဖန်းရှီး မဟာပဏ္ဍိတ၏ တောက်လောင်နေသော ခန္ဓာကိုယ် အတွင်းတွင် အသွင်မဲ့လမ်းတစ်ခု ပေါ်လာခဲ့၍ အလင်းတန်း လိုက်ကာ၏ အပြင်သို့ ထွက်လာခဲ့ကြောင်းကို တွေ့လိုက်ရသည်။

ဟင်းလင်းပြင် အလွှာပေါင်းများစွာကို ဖြတ်သန်းသွား၍ အဝေးတစ်နေရာမှ လျှိုမြောင်တစ်ခု၏ အတွင်းတွင် မြင့်မြတ်သော အလင်းတန်းတစ်ခု တောက်ပလာခဲ့၍ ထိုအသွင်မဲ့ လမ်းကြောင်းအား လက်ခံသကဲ့သို့ လင်းလက်လာခဲ့သည်။

လင်းဖုန်းသည် သူ၏အကြည့်အား ထိုနေရာသို့ ရွှေ့လိုက်သောအခါ သူသည် ထိုလျှိုမြောင်၏ အောက်ဘက်တွင် ရတနာ အလင်းတန်းများဖြင့် လင်းလက်နေသည့် သင်္ကန်းဝတ်ထားသော ခပ်ဝဝ ရဟန်းတစ်ပါးကို တွေ့လိုက်ရသည်။ သူသည် သူ၏ ရင်ဘတ်ကို ဟင်းလင်းဖွင့်ထား၍ သူ၏ ဆူဖြိုးလှသော ဝမ်းဗိုက်အား ဖော်ပြထားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now