စာစဥ် ၃၅ : အပိုင်း ၁၂
အပိုင်း ၆၆၂ : တပည့်ရှစ်ယောက်၊ တစ်ယောက်လို
ထိုလူငယ်သည် ဘာမှ မထုတ်ဖော်ခဲ့သော်လည်း သူ၏ စိတ်ခံစားချက်များသည် သူ့အား အနည်းငယ် မတည်မငြိမ် ဖြစ်စေခဲ့သည်။
ထိုမတည်ငြိမ်မှုများသည် လျှမ်ယွမ်အား သတိထားမိစေခဲ့သည်။
သူ၏အသံသည် လူငယ်၏ စိတ်အတွင်းတွင် ပေါ်လာခဲ့၏။ "တကယ်လို့ မင်းက ဒီလိုမျိုး စိတ်အခြေအနေမှာပဲ ရှိနေရင် မင်းက အနာဂတ်မှာ အခြေတည်ဝိညာဥ်ကို ဖန်ဆင်းနိုင်မှာ မဟုတ်ဘူး။ ဒါဆိုရင် မင်းရဲ့ ပင်ကိုစွမ်းရည်တွေ အလဟဿ ဖြစ်သွားလိမ့်မယ်"
ထိုလူငယ်သည် သူ၏ခေါင်းကို ရိုသေစွာဖြင့် ငုံ့လိုက်သည်။ "အရှင်မင်းသား၊ အရှင်ပြောတာ မှန်ပါတယ်။ ကျွန်တော်က စိတ်သိပ်လှုပ်ရှားသွားခဲ့တယ်။ ဒါပေမဲ့ စိတ်ချပါ၊ နောက်တစ်ကြိမ် မဖြစ်စေရပါဘူး"
ထိုသူသည် နတ်ရေကန်ဂိုဏ်းမှ ပါရမီရှင် တစ်ယောက်ဖြစ်သော စုန့်ချင်းယွမ် ဖြစ်သည်။ သူသည် ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးတွင် တစ်ချိန်က တောက်ပဖူးခဲ့၏။
လွန်ခဲ့သော သုံးနှစ်က ရှီးလင်မြို့တိုက်ပွဲတွင် ရေခဲမီးတောက် အကြီးအကဲ နှစ်ပါးနှင့် ချောင်ဝေတို့သည် လင်းဖုန်း၏ ဖမ်းဆီးခြင်းအား ခံခဲ့ရသည်။ မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်နှင့် မဟာကျိုး အင်ပါယာတို့သည် အခွင့်ကောင်းယူကာ နတ်ရေကန်ဂိုဏ်းကို ဖျက်ဆီးခဲ့ကြ၏။
နတ်ရေကန်ဂိုဏ်း၏ အရင်းအမြစ် ပစ္စည်းများကို မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်မှ သိမ်းပိုက်ခဲ့၍ နတ်ရေကန်ဂိုဏ်း ပြိုကွဲသွားအပြီးတွင် သူတို့၏ တပည့်အများစုတို့ကို မဟာကျိုး အင်ပါယာမှ လက်ခံခဲ့သည်။
လင်းဖုန်းသည် ချောင်ဝေနှင့်အတူ ရှီးလင်မြို့သို့ ပါလာကြသော နတ်ရေကန်ဂိုဏ်းမှ တပည့်များကို ဘာမှလုပ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပေ။ စုန့်ချင်းယွမ်နှင့် ကျန်သောသူများသည် သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းများ ကိုယ်စီလျှောက်ရန် ဆုံးဖြတ်လိုက်ကြ၏။ သို့သော်လည်း နောက်ဆုံးတွင် စုန့်ချင်းယွမ်သည် မဟာကျိုး အင်ပါယာသို့ ရောက်လာခဲ့ကာ လျှမ်ယွမ်၏ လက်အောက်တွင် ဝင်ရောက်ခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...