အပ်ုင်း ၇၆၇ - ၇၆၈

374 38 0
                                    

စာစဥ် ၄၀ : အပိုင်း ၁၇

အပိုင်း ၇၆၇ : မိတ်ဆွေလော ရန်သူလော

အမောဃသိဒ္ဓိ မန္တန်အား အဆင့်အမြင့်ဆုံး ကျင့်ကြံပြီးသွားလျှင် တစ်ယောက်သည် လုံ့လဝီရိယ နိဗ္ဗာန်သို့ ရောက်နိုင်မည် ဖြစ်ကာ မနာလိုခြင်း၊ စိတ်ဒုက္ခရောက်ခြင်းများ ပျောက်ကွယ်သွားနိုင်၍ တစ်ယောက်အား သင်္ခါရဒုက္ခများထံမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။

မနာလိုခြင်းကို ဖယ်ရှားနိုင်ခြင်းအားဖြင့် တစ်ယောက်သည် ဗုဒ္ဓလမ်းစဥ်အား အပြည့်အဝ ကိုယ်စားပြုနိုင်မည် ဖြစ်ကာ ဗုဒ္ဓဉာဏ်ပညာအား အလုံးစုံ နားလည်နိုင်မည် ဖြစ်၏။

လုံ့လဝီရိယနိဗ္ဗာန် ပေါ်လာ၍ ဟင်းလင်းပြင် လေဟာနယ်အား ထွန်းလင်းသွားစေခဲ့အပြီးတွင် တခုန်း ဇန်မာစတာသည် သူ၏ စွမ်းအား သဘောတရားများအား ဆင်ခြင်လိုက်၏။ သူသည် ယခင်အချိန်က ဤမျှလောက် ကျေနပ်အားရမှု မရှိခဲ့ဖူးပေ။

ကျိကွမ်း ဇန်မာစတာ၏ လုံ့လဝီရိယ နိဗ္ဗာန်အား လေ့လာခြင်းအားဖြင့် သူ့အား အမောဃသိဒ္ဓိ မန္တန်၏ အစစ်အမှန် သဘောတရားများကို အပြည့်အဝ နားလည်စေနိုင်ခဲ့သည်။

တခုန်း ဇန်မာစတာသည် မယုံနိုင်လောက်အောင် ပါရမီနှင့် ပြည့်စုံသူဖြစ်၍ သူ၏ သီတင်းသုံးဖော်များအနက် သူသည် နောက်ဆုံးမှ စတင် ကျင့်ကြံခဲ့သူ ဖြစ်သည်။ သို့သော်လည်း သူသည် အလျှင်မြန်ဆုံး တိုးတက်လာနိုင်ခဲ့သော ပါရမီရှင် တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။

မဟာမိုးကြိုး ကျောင်းတော်ကြီး မကျဆုံးခဲ့စဥ်က တခုန်း ဇန်မာစတာသည် ရွှေရောင်ပုံစံ ဒုတိယ အဆင့်တွင် ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် ဤနှစ်များအတွင်းတွင် နောက်ဆုံး အတားအဆီးအား ကျော်လွှားနိုင်ကာ ရွှေရောင်ပုံစံ တတိယ အဆင့်ဖြစ်သော နိဗ္ဗာန်ဘုံသို့ ရောက်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် တံခါးပိတ် ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် တခုန်း ဇန်မာစတာသည် သူ၏ နောက်ဆုံး အတားအဆီးသည် ကျိုးပေါက်သွားခဲ့ပြီဟု အာရုံခံနိုင်ခဲ့၏။ သူသည် ဤလေဟာနယ် ပုံရိပ်ယောင်မှ ထွက်ခွာသွားအပြီးတွင် တံခါးပိတ်၍ ထပ်မံ လေ့ကျင့်လိုက်လျှင် သူ၏ကိုယ်ပိုင် လုံ့လဝီရိယ နိဗ္ဗာန်အား ရရှိနိုင်မည် ဖြစ်ကာ ရွှေရောင်ပုံစံ တတိယ အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now