စာစဥ် ၅၆ : အပိုင်း ၁၀
အပိုင်း ၁၀၈၀ : အန္တိမ ပြိုင်ပွဲ
"ရှောင်ယန်… ကျန်တာတွေက မင်းအပေါ်မှာပဲ မူတည်တော့တယ်… တကယ်လို့ မင်းရှုံးသွားရင် ငါတို့က ၃၃ဘုံ ဖန်ဆင်းခြင်း သက်စောင့်ဆေးလုံးကို ဆုံးရှုံးသွားမယ်… ဒါဆိုရင်တော့ ငါကမင်းကို အဲ့ဒီအချိန်ကစပြီး နတ်ဘုရားနယ်မြေ ဆေးမီးဖို အထဲမှာပဲ နေဖို့ ပစ်ထည့်ထားလိုက်မယ်"
လင်းဖုန်းက ရယ်လိုက်ကာ ရှောင်ယန်နှင့် ဆက်သွယ်လိုက်သည်။ ရှောင်ယန်ကလည်း ရယ်လိုက်၍ ပြန်ဖြေလိုက်၏။ "ဒါဆိုရင်တော့ အတော်ကြောက်ဖို့ ကောင်းလိမ့်မယ်… ယင်ယန်ပင်လယ် အထဲမှာ နေရတာတောင် ပိုကောင်းလိမ့်မယ်"
သူတို့သည် ယခင်က မပြိုင်ဆိုင်ဖူးခဲ့သဖြင့် ရှောင်ယန်ကလည်း ချင်းနင်သူတော်စင်အား အနိုင်ယူနိုင်မည်ဟု မသေချာနေပေ။ သူသည် ယုံကြည်ချက်ရှိသော်လည်း အခြေအနေအား မျက်စိမှိတ်၍ ကြည့်နေမည်ဟု ဆိုလိုနေခြင်း မရှိပေ။
သို့သော်လည်း ရှောင်ယန်သည် အကြောက်အလန့် ကင်းကာ တည်ငြိမ်နေဆဲ ရှိသေးသည်။
ချင်းနင်သူတော်စင်နှင့် ဂူယွမ်ခိုင်တို့၏ တောက်ပမှုသည် သူ၏ ပြိုင်ဆိုင်လိုသော စိတ်ဓာတ်ကို ပို၍ပင် နှိုးဆွနိုင်ခဲ့သည်။
"ဒါကြောင့်မို့ ငါပြောတာပေါ့… ကြမ္မာပန်းတိုင်နဲ့ ပြည့်စုံတဲ့ သူတစ်ယောက်ဟာ တိုက်ပွဲ ကြီးကြီးမားမားတွေ အတွက် အမြဲတမ်း ပြင်ဆင်ထားရမယ်လို့… တခြားလူတွေကို မပြောနဲ့… ကြမ္မာပန်းတိုင်နဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ဟာ ကြီးမားတဲ့ နှလုံးသား ရှိတယ်" လင်းဖုန်းသည် ရှောင်ယန်အပေါ်၌ အလွန်ပင် ယုံကြည်ထားသည်။
သူသည် ဤကဲ့သို့သော အရေးကြီးသည့် အခိုက်အတန့်တွင် အနည်းငယ်မျှပင် စိတ်လှုပ်ရှားမည် မဟုတ်ဟု သေချာနေ၏။ "ဟိုကစဥ့်ကလျား ဖြစ်သွားတဲ့ အချိန်တုံးက ဟင်းလင်းပြင် ဘုရားကျောင်းဟာ သူတို့ရဲ့ အစွမ်းထက်တဲ့ ဆေးလုံးဖော်စပ်နည်း အတော်များများကို ဆုံးရှုံးခဲ့သွားပြီး ဘာမှ မတတ်နိုင်ပဲ ဖြည်းဖြည်းချင်း ပြန်လည်ပြီးမှ ကြံဆတီထွင်နိုင်ခဲ့တယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...