စာစဥ် ၃၈ : အပိုင်း ၁
အပိုင်း ၇၁၁ : တရားမျှတစွာ သွား၍မေးရမည်
လင်းဖုန်းသည် သူတပည့်များအတွက် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ပေးပြီးသွားသည်နှင့် ပြုံးကာမေးလိုက်သည်။ "ပြောရရင် ငါတို့အထဲမှာ အရှေ့ပင်လယ် အကြောင်းကို ကောင်းကောင်းသိတဲ့သူ ရှိနေတယ်"
သူသည် စိတ်ချင်းဆက်သွယ်၍ ဆင့်ခေါ်လိုက်ကာ ခဏအကြာတွင် ကွေနွားဘုရင်က လူထွားကြီး တစ်ဦးပုံစံကို ဖန်ဆင်းခဲ့ကာ သူတို့အရှေ့တွင် ရောက်လာခဲ့သည်။
ရှောင်ယန်နှင့် ကျန်သောသူများကလည်း သူ့အား တွေ့လိုက်ရသောအခါ အံ့အားသင့်သွားခဲ့၏။ ကွေနွားများသည် မြေရိုင်းလျှိုမြောင် အတွင်းတွင် နေကြကာ အချိန်အတော်ကြာက ခွန်းလွန်တောင်ပေါ်တွင် လင်းဖုန်းက သိမ်းသွင်းထားခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့သည် ခွန်းလွန်တောင်ပေါ်တွင် နေထိုင်ကြခြင်း မရှိပဲ အရှေ့ပင်လယ်နှင့် လီ၇၀၀၀ ဝေးကွာသော လီဘိုတောင်တွင် နေထိုင်ကြခြင်း ဖြစ်သည်။
သူတို့သည် လီဘိုတောင်တွင် နေထိုင်ကြစဥ်က ကွေနွားဘုရင်က သူတို့၏ ခေါင်းဆောင် ဖြစ်သည်။ သူတို့သည် ရေလှိုင်းသူတော်စင်ဟုခေါ်သော အင်မော်တယ် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်၏ လက်အောက်တွင် နေထိုင်ကြခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် သူတို့၏ ကိုယ်ပိုင် ကျင့်ကြံမှုများကို လေ့ကျင့်နေကြ၏။ သူတို့သည် သူ့ကျေးဇူးအောက်တွင် ရှိနေကြသဖြင့် ကွေနွားများသည် သူ့အား သူတို့၏ ဆရာသခင်အဖြစ် သတ်မှတ်ထားကြသည်။
ရေလှိုင်းသူတော်စင်သည် ခွန်းလွန်တောင်သို့ ရွှေ့ပြောင်းသွားခဲ့သဖြင့် ကွေနွားများသည်လည်း အရှေ့ပင်လယ်ကို စွန့်ခွာသွားခဲ့ကာ အနောက်ပိုင်းသို့ လိုက်လာခဲ့ကြသည်။
သို့သော်လည်း သူတို့သည် ရေလှိုင်းသူတော်စင်နှင့် အဆက်အသွယ် ပြတ်တောက်သွားကြ၏။ ကွေနွားအုပ်စုများသည် သူချန်ထားရစ်ခဲ့သော ဆာရိုသံမဏိ အပင်ပေါက်အား စောင့်ရှောက်နေကြချိန်တွင် လင်းဖုန်းနှင့် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...