အပိုင်း ၈၇၅ : စူတောင်သို့ တက်ခြင်း

395 43 0
                                    

စာစဥ် ၄၆ : အပိုင်း ၅

အပိုင်း ၈၇၅ : စူတောင်သို့ တက်ခြင်း

စူတောင်ဓားဂိုဏ်း တည်ရှိနေသော ဓားတောင်ထိပ် ခြောက်ခုတို့၏ အပေါ်တွင် စူတောင်ဓားဂိုဏ်း၏ အဓိက တောင်ထိပ်ရှိနေသည်။ ထိုနေရာ၌ ရှင်းလုံစန်းနှင့် အားနည်းပုံ ပေါက်နေသည့် အကြီးအကဲ တစ်ယောက်တို့သည် ဘာမှ မပြောခဲ့ပဲ မျက်နှာချင်းဆိုင် ထိုင်နေခဲ့သည်။

ထိုအားနည်းပုံ ပေါက်နေသည့် အကြီးအကဲသည် စူတောင်ဓားဂိုဏ်း၏ နာယက အကြီးအကဲ ဖြစ်ကာ ထျန်းကန်း ဓားမာစတာနှင့် စီနီယာအဆင့် အတူတူပင် ရှိသည်။ သူသည် ချန်းမင် ဓားမာစတာ ဖြစ်၏။ သူတော်စင် ကောင်းကင်ဓား၏ အောက်တွင် အစွမ်းအထက်ဆုံး ဓားနှစ်လက် အနက်မှ ချန်းမင် ရှေးဟောင်းဓား၏ ပိုင်ရှင်ဖြစ်သည်။ သူသည် ထျန်းကန်း ဓားမာစတာကဲ့သို့ပင် အလယ်ခေတ်မှစ၍ ထိုဓားကို ကိုင်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ရှင်းလုံစန်းအား ကြည့်လိုက်ကာ ချန်းမင် ဓားမာစတာက ပြောလိုက်သည်။ "ကျဲလော်ရှီက လင်းဖုန်းရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ထျန်းကန်းက သူနဲ့ တိုက်ခိုက်နေတယ်"

ရှင်းလုံစန်းသည် စံအိမ်အပေါ်မှ ခေါင်မိုးအား ကြည့်လိုက်သည်။ "ဂျူနီယာကျဲက စူတောင်ဓားဂိုဏ်းရဲ့ နာယက အကြီးအကဲ တစ်ယောက်ဖြစ်တယ်.. သူ့ရဲ့ ဓားဆန္ဒဟာ မတည်မငြိမ် ဖြစ်နေခဲ့ပေမဲ့ သူက ခွန်းလွန်တောင်ကို သွားခဲ့ပြီး ကျွန်တော်တို့အတွက် ကောင်းကင်ဖျက်ဆီး ဓားကို သွားယူပေးခဲ့တယ်.. ဒါပေမဲ့ ဘယ်သူက သိမှာလဲ.. လင်းဖုန်းက မဟာကမ္ဘာ အတွင်းကို သိပ်မကြာခင်မှာပဲ ပြန်ရောက်လာနိုင်ခဲ့တယ်.. ကျွန်တော်တို့က ဂျူနီယာကျဲအတွက် လက်စားပြန်ချေရမယ်"

"အကြီးအကဲ ထျန်းကန်းက အစွမ်းထက်ပေမဲ့ လင်းဖုန်းကို သတ်ဖို့ကတော့ မလွယ်ဘူး.. ကျွန်တော်က သူတော်စင် ကောင်းကင်ဓားကို ယူသွားပြီး သူ့ကို သွားကူလိုက်မယ်"

ချန်းမင် ဓားမာစတာက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဒီစစ်ပွဲမှာ ငါတို့က ရှိသမျှ အရာအားလုံးကို ထုတ်သုံးရမယ်.. ငါတို့ ဘိုးဘေးဘီဘင်တွေရဲ့ စကားကို ဆန့်ကျင်ရာ ကျပေမဲ့ အခုအချိန်မှာ ဒီလောက်အထိ ဂရုမစိုက်နေနိုင်တော့ဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now