အပိုင်း ၈၉၇ : အဆက်မပြတ် အောင်မြင်တိုးတက်ခြင်း

342 41 0
                                    

စာစဥ် ၄၇ : အပိုင်း ၇

အပိုင်း ၈၉၇ : အဆက်မပြတ် အောင်မြင်တိုးတက်ခြင်း

လင်းဖုန်းသည် အဝေးမှ မိုးကုတ်စက်ဝိုင်းအား ကြည့်လိုက်ရာ သူသည် မိုးပြာစိမ်းရောင် သန်းသွားခဲ့သည်ကို တွေ့လိုက်ရသည်။

ဒါသည် အစိမ်းရောင် အလင်းတန်းများ လင်းလက်နေကာ တိမ်တိုက်မြူခိုးငွေ့များကသာ အစိမ်းရောင် သန်းသွားကြခြင်း မဟုတ်ပေ။ ကမ္ဘာအတွင်းမှ အရာအားလုံးတို့သည် ခြွင်းချက်မရှိပဲ အကုန်လုံး အစိမ်းရောင် သန်းသွားကြခြင်း ဖြစ်သည်။

ကောင်းကင်သည် အစိမ်းရောင် သန်းသွားသည်။ မြေကြီးသည် အစိမ်းရောင် သမ်းသွားသည်။ သစ်ပင်များ၊ အကိုင်းအခက်များ၊ သစ်ရွက်များကလည်း အစိမ်းရောင် သန်းသွားသည်။ ရွှံ့ညွှန်များ၊ လေထုများ၊ တိမ်တိုက်များ၊ ကောင်းကင်ပေါ်မှ ကျဆင်းလာသော အလင်းတန်းများကလည်း အစိမ်းရောင် သန်းသွားကြသည်။

ကောင်းကင်ပေါ်တွင် ပျံသန်းနေကြသော စာကလေးများကလည်း ခြွင်းချက်မဟုတ်ပေ။ သူတို့၏ လက်သည်းများ၊ တောင်ပံများ၊ နှုတ်သီးများ၊ မျက်လုံးများနှင့် အခြားအရာ အားလုံးတို့သည် လုံးဝကို အစိမ်းရောင် သန်းသွားကြသည်။ မြေပြင်ပေါ်တွင် ဖြတ်သန်းသွားသော ကြောက်မက်ဖွယ်ရာ ကျားကြီးတွင် အစိမ်းရောင် အမွေးများ ရှိနေသည်။ သူ၏ အစင်းကျားများကပင် ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများထက် အရောင်ပိုရင့်နေသည်မှလွဲ၍ အစိမ်းရောင် သန်းနေခဲ့သည်။

ကမ္ဘာကြီးအား နှစ်ခြမ်းခြမ်းထားသော မမြင်နိုင်သည့် မျဥ်းတစ်ကြောင်း ရှိနေသည်နှင့် တူနေခဲ့သည်။ တစ်ခြမ်းသာ သာမန်အတိုင်းဖြစ်၍ နဂိုသာမန် အရောင်များသာ ရှိကာ အခြားတစ်ဘက်မှာ လုံးဝကို အစိမ်းရောင်ကမ္ဘာ ဖြစ်နေခဲ့၏။

ယခုအချိန်တွင် ထိုအစိမ်းရောင် ကမ္ဘာသည် လင်းဖုန်းထံသို့ ကျဆင်းလာခဲ့သည်။

မိုးပြာစိမ်းရောင် ကမ္ဘာအတွင်းတွင် တိမ်တိုက်တစ်စုက လွင့်မျောနေခဲ့၍ ထိုအတွင်းမှနေ၍ အားကောင်းလှသော နဂါးအော်ရာများကို ထုတ်လွှတ်နေခဲ့သည်။ သူ့တွင် မပယ်ဖျက်နိုင်သော ဂုဏ်ကျက်သရေများ ရှိနေ၍ သူသည် ကမ္ဘာ၏ အုပ်ချုပ်သူအလား သူ၏ လက်အောက်ငယ်သားများကို ငုံ့ကြည့်နေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now