စာစဥ် ၅၇ : အပိုင်း ၁၂
အပိုင်း ၁၁၀၂ : ပြန်ဆပ်၍ မရသည့် အကြွေးများ
ရှဧကရာဇ်နှင့် သွေးမြစ် တာအိုဆရာတို့သည် လင်းဖုန်းအား အတူတကွ တိုက်ခိုက်လိုက်ကြကာ သေမင်းဧကရာဇ်၏ မျက်လုံးများသည် အမှောင်မိုက်ဆုံး အသူရာ ချောက်တစ်ခုကဲ့သို့ လုံးဝ မည်းနက်သွားကြသည်။
မီးခိုးရောင် အလင်းတန်းများက ထွက်ပေါ်လာကာ တစ်ခြမ်းဖြူ တစ်ခြမ်းနက်နေသော တာအိုသစ်သီး သုံးလုံးတို့ အဖြစ် စုစည်းသွားကြသည်။ ဤသေခြင်းနှင့် ရှင်ခြင်း ငရဲကမ္ဘာ တာအိုသစ်သီး သုံးလုံးတို့တွင် သန်မာသော နတ်ဆိုးဝိညာဥ်များ မပါကြသော်လည်း သူတို့မှနေ၍ ကြောက်မက်ဖွယ်ရာ မှော်စွမ်းအင် လှိုင်းလုံးများကို ထုတ်လွှတ်နေကြသည်။
သူတို့သည် အစပထမတွင် လင်းဖုန်း၏ မိုးကြိုးနဂါး ကိုယ်ပွား သို့မဟုတ် ဇူရီ၏ ဟီဂန် ရွှေရောင်တံတားတို့အား ကာကွယ်ရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ ကိုယ်ပိုင် မှော်စွမ်းအင်များသည် လင်းဖုန်း၏ ဓာတ်နှစ်ပါး မူလပြန်လာခြင်း ထူးခြားဆန်းကြယ်သော ကမ္ဘာမှော်ကျိန်စာကြောင့် အဆက်မပြတ် ကုန်ခန်းသွားနေသဖြင့် သူ၏ ကျင့်ကြံမှု အဆင့်ကို ပြန်လည်ရရှိရန် အသုံးပြုထားသော မှော်ကျိန်စာကလည်း ပျက်စီးသွားတော့မည်ကဲ့သို့ ဖြစ်နေသည်။
ရှေ့တန်းမှနေ၍ ဆက်လက် ခုခံနေလျှင်လည်း အချည်းနှီးပင် ဖြစ်သည်။ သေခြင်းနှင့် ရှင်ခြင်း ငရဲကမ္ဘာ တာအိုသစ်သီးများ အားလုံးတို့သည် မီးတောက်များအဖြစ် ပေါက်ကွဲသွား၍ အနက်ရောင် အလင်းတန်း တိမ်တိုက်များ အဖြစ်သို့ ပြောင်းသွားကာ ဧရာမ အနက်ရောင် ယစ်ပလ္လင်အဖြစ် သေမင်းဧကရာဇ်အား ကာကွယ်ထားခဲ့ကြသည်။
ဤယစ်ပလ္လင်သည် အထပ်သုံးထပ် ရှိသည်။ အောက်ဆုံးထပ်သည် ဝိညာဥ်များ၏ နောက်ဆုံး နားခိုရာ နေရာကဲ့သို့ လုံးဝ ငြိမ်သက်နေ၏။ အလယ်ထပ်မှာ အသက်စွမ်းအားများဖြင့် ပြည့်ဖြိုးနေသည်။ အပေါ်ဆုံးထပ်မှာ အပေါ်မှ ကောင်းကင်များကဲ့သို့ ကျယ်ဝန်းလှ၍ အနန္တ တန်ခိုးရှင် တစ်ပါးက အောက်မှ သေမျိုးကမ္ဘာနှင့် ငရဲကမ္ဘာတို့အား စောင့်ကြည့်နေသည်နှင့် တူနေသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...