စာစဥ် ၄၈ : အပိုင်း ၁၅
အပိုင်း ၉၂၅ : ကြီးထွားလာသော အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း
ချုံးချန်းတို့၏ တိုက်ခိုက်မှုများအား ဝမ်လင်းနှင့် ရှီထျန်းဟောင်တို့သည် ပြန်လည် တုံ့ပြန်မည့်အစား သူတို့ကိုယ် သူတို့သာ ကာကွယ်လိုက်ကြသည်။
လျှမ်ဖူးနှင့် ချန်ယွင်သူတော်စင်တို့ကြောင့် သံလိုက်အိမ်မြှောင်သည် ယာယီ အနှောင့်အယှက် ဖြစ်သွားသဖြင့် ဝမ်လင်းနှင့် ရှီထျန်းဟောင်တို့သည် သူတို့၏ အာရုံများကို အနောက်မှ ခြုံခိုတိုက်ခိုက်လာနိုင်သော သူများအား သတိထားနေကြသည်။
ယုအောက် နဂါးဘုရင်နှင့် ကျူးအာ မဟာပဏ္ဍိတတို့က သူတို့၏ အနောက်သို့ လိုက်ပါလာကြသည်ကို မသိကြသော်လည်း ဝမ်လင်းနှင့် ရှီထျန်းဟောင်တို့သည် သတိတကြီး ထားနေကြ၏။
သူတို့သည် ချုံးချန်းတစ်အုပ်စုအား ယန်ချင်နှင့် ကျန်သောသူများ၏ တာဝန်သာ ထားပေးခဲ့သည်။ ဤနေရာတွင် မသေဝိညာဥ် အဆင့်မှ ချုံးချန်းများ မရှိသဖြင့် ယန်ချင်နှင့် ကျန်သောသူများသည် သူတို့အား အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။
ယန်ချင်သည် အသွင်သဏ္ဌာန်လေးမျိုး ယင်ယန်ပြောင်းလဲခြင်းမှ ကပ်ဘေးယင် ပြောင်းလဲခြင်းကို ထုတ်ဖော်လိုက်၏။ ယန်အတွင်းမှ ယင်နှင့်အတူ သူသည် ထူးခြားဆန်းကြယ်သော ကပ်ဘေးယင်လောကအား ထုတ်ဖော်နိုင်ခဲ့သည်။ သူ့ရန်သူများ၏ အပေါ်သို့ ကပ်ဘေးများစွာတို့က ကျဆင်းလာခဲ့သော အချိန်တွင် သူသည် အားလုံးတို့၏ အရှေ့သို့ တည်ငြိမ်စွာနှင့် လျှောက်လှမ်းလာနိုင်ခဲ့သည်။
အခြားတစ်ဘက်တွင် လော်ချင်းဝူသည် သူတို့အုပ်စု၏ အနောက်တွင် ပြုံးလျက် ရပ်နေခဲ့သည်။ သူမ၏ ရွှမ်းချီဓားသည် ကမ္ဘာဦး သံလိုက်စွမ်းအား၏ အကျိုးသက်ရောက်မှုကို မခံခဲ့ရသဖြင့် မည်းနက်နေသည့် ရေခဲဓားသည် သူမ၏ လက်အတွင်းတွင် တောက်ပစွာနှင့် ကခုန်နေခဲ့သည်။ သူသည် တင့်တယ်သကဲ့သို့ ရင်အတွင်းမှ အေးစိမ့်သွားစေသော သတ်ဖြတ်လိုစိတ်များနှင့်လည်း ပြည့်နေခဲ့၏။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...