အပိုင်း ၈၉၆ : ဓားလမ်းစဥ်၏ အလွန်

356 35 0
                                    

စာစဥ် ၄၇ : အပိုင်း ၆

အပိုင်း ၈၉၆ : ဓားလမ်းစဥ်၏ အလွန်

အသွင်မဲ့ ဧရာမ လက်တစ်ဘက်သည် နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတ၏ အောက်မှ မမြင်ရသော လှေကားအား ဆုပ်ကိုင်လိုက်ကာ အစွန်းရောက်ကောင်းကင် စကြာဝဠာ အလင်းတန်း၏ မြူဆိုင်းနေသော အလွှာများသည် ဘေးပတ်ဝန်းကျင်တွင် ပျံ့နှံ့နေခဲ့ပြီး ရပ်တန့်မည့်ပုံစံ မပေါ်နေပေ။ ဤမျက်စိကျိန်းစေသည့် အလင်းတန်းနှင့် ထိတွေ့ခဲ့သမျှ အရာအားလုံးတို့သည် အရောင်များ ပျောက်ဆုံးသွားခဲ့သည်။

ကောင်းကင်အပေါ်တွင် လွင့်မျောနေသော တိမ်တိုက်များသည် ရပ်တန့်သွားကြကာ ကောင်းကင်အပေါ်တွင် ကျောက်တုံးစများကဲ့သို့ တည်ရှိနေကြသည်။

ဟင်းလင်းပြင်၏ အပေါ်မှ တောက်ပနေသော ကြယ်စင် အလင်းရောင်များသည် ထိုအချိန်တွင် အေးခဲသွားကြသည်။ ကြယ်စင်ကောင်းကင်ကြီးသည် လူရေးဆွဲထားသော ပန်းချီကားသဖွယ် ဖြစ်သွားခဲ့၏။

အောက်ဘက်မှ ရှောင်စီကျိတောင်၏ တောင်ထိပ်တွင် ချောမွေ့ကာ လင်းလက်နေသည့် အဖြူရောင် ကျောက်စိမ်းများက မှေးမှိန်နှေးကွေးသွားကြကာ ချီလျှန် မီးတောက်ကြေးနီကြောမှ ထွက်နေကြသည့် ပူပြင်းသည့် အငွေ့များသည် ဖုန်မှုန့်များ အဖြစ် ပြောင်းသွားကြကာ အတွင်းဘက်မှ ညှိုးခြောက်နေသည့် သစ်ပင်များသည် ရပ်တန့်သွားကြသည်။

ကောင်းကင်နှင့် မြေကြီးတို့၏ အကြားတွင် လှုပ်ရှားနေသည့် တစ်ခုတည်းသော အရာမှာ နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတ၏ ခြေအောက်မှ မမြင်နိုင်သော လှေကား တစ်ခုထဲသာ ဖြစ်သည်။

အစွန်းရောက်ကောင်းကင် စကြာဝဠာ အလင်းတန်း၏ ဖုံးလွှမ်းခြင်းကို ခံထားရ၍ ကောင်းကင်ဖမ်းဆုပ်ခြင်း နည်းစနစ်ဖြင့် ဆုပ်ကိုင်ခြင်းကို ခံထားရသဖြင့် မူလက အသွင်မဲ့နေသော လှေကားသည် ပြင်းထန်စွာနှင့် တုန်ခါလာခဲ့ကာ သန်းပေါင်းများစွာသော အပိုင်းအစများ အဖြစ်သို့ စတင်၍ ကြေပျက်လာကြသည်။

"အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်.. အထင်ကြီးလောက်ပါပေတယ်" နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတ၏ မီးတောက်မျက်လုံးများ အတွင်းတွင် အစိမ်းရောင် အလင်းတန်းများ ပြည့်လာခဲ့၍ သူသည် ကောင်းကင်ထံသို့ ဟိန်းဟောက်လိုက်သည်။ ကောင်းကင်အပေါ်သို့ တက်နေခဲ့သော ဧရာမ ဂေါ်ရီလာ အလင်းတန်းကြီးသည် အစိုင်အခဲအဖြစ် အကောင်အထည် ပေါ်လာခဲ့ပြီး အစွမ်းထက်၍ ကြီးစိုးနိုင်သော အော်ရာတစ်ခုက ပေါ်လာခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now