စာစဥ် ၅၇ : အပိုင်း ၂၀
အပိုင်း ၁၁၁၀ : ဝိညာဥ်ပင်လယ်ကို ပြန်လည် ဖွင့်လှစ်ခြင်းလော
ချင်းဝူစံအိမ် အတွင်းတွင် ဟန်ရန်က တင်ပလ္လင်ခွေ ထိုင်နေ၍ ထျန်းရွှမ်သည် ဓားရှည်တစ်ချောင်း ထည့်ထားသော ဓားအိမ်ကို ဒူးအပေါ်တွင် ရေပြင်ညီ တင်ထား၍ သူနှင့် မျက်နှာချင်းဆိုင် ထိုင်နေ၏။ သူမက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"စီနီယာ ထျန်းရှု… စီနီယာရဲ့ တပည့်တွေကို သင်ကြားပေးနေတဲ့ နည်းလမ်းတွေကို ပြန်ပြီးမှ သုံးသပ်ဖို့ ကျွန်မက တကယ်ပဲ မျှော်လင့်ပါတယ်… စီနီယာက ကျွန်မတို့ မျိုးဆက်ရဲ့ နံပါတ်တစ် ဓားကျင့်ကြံသူ ဖြစ်တယ်… ဆရာကတောင်မှ ကျင့်ကြံမှု အဆင့်တူရင် စီနီယာကို ဓားပညာရပ် နေရာမှာ အနိုင်ယူချင်မှ ယူနိုင်မယ်လို့ ပြောတယ်"
"စီနီယာ မွေးထုတ်လိုက်တဲ့ တပည့်တွေက ဂိုဏ်းတူ တူလေး ယွမ်တုန်းနဲ့ ကျန်တဲ့သူတွေ အပါအဝင် အားလုံးတို့က ထူးချွန် ပြောင်မြောက်ကြပြီး ကျွန်မတို့ တပည့်တွေထက် ကျင့်ကြံမှု အဆင့်အတန်း လုံးဝ သာလွန်နေတယ်"
"ဒါပေမဲ့ ဂျူနီယာ တပည့်တွေ အတော်များများက စီနီယာရဲ့ မူမမှန်တဲ့ သင်ကြားမှု နည်းလမ်းတွေကြောင့် စီနီယာကို မရွေးချယ်ရဲကြဘူး… ဒါက တကယ့်ကို နှမြောစရာပဲ"
ဟန်ရန်က တည်ငြိမ်နေဆဲသာ ရှိနေသည်။ "မင်းတို့ကသာ စိတ်မရှိရင် မင်းတို့ရဲ့ တပည့်တွေကလည်း နည်းစနစ်တွေနဲ့ ပတ်သတ်တဲ့ သံသယတွေကို ငါ့ဆီကို လာမေးနိုင်ကြတယ်… ငါက သူတို့ကို အခက်တွေ့အောင် လုပ်မှာမဟုတ်သလို ထိမ်ချန်ထားမှာလည်း မဟုတ်ဘူး"
"ငါအစောပိုင်းက ပြောထားတဲ့ အတိုင်းပဲ တကယ်လို့ သူတို့က ပြင်ဆင်ပြီးပြီလို့ ခံစားနေရပြီး ငါ့ရဲ့ ထူးခြားတဲ့ သင်ကြားမှု နည်းစနစ်တွေကို လေ့လာချင်ရင် ငါ့ကို အချိန်မရွေး ရှာနိုင်တယ်… ဒါမှမဟုတ် သူတို့ရဲ့ ဆရာတွေကို ရှာပြီးမှ သူတို့အတွက် ပြင်ဆင်ပေးဖို့ တောင်းဆိုနိုင်တယ်"
"ဒါပေမဲ့ သူတို့က ငါ့တပည့် ဖြစ်လာအပြီးမှာ ငါ့ရဲ့ စံနှုန်းတွေက မင်းတို့အတွက် အရမ်း တင်းကျပ်တယ်လို့ ထင်နေရပေမဲ့ ငါတစ်ယောက်တည်းကသာ သူတို့ရဲ့ လေ့ကျင့်မှုအတွက် တာဝန်ရှိသူ ဖြစ်တယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်န...