အပိုင်း ၉၂၁ - ၉၂၂

288 36 0
                                    

စာစဥ် ၄၈ : အပိုင်း ၁၁

အပိုင်း ၉၂၁ : အားလုံးတို့က မျက်ရည်များဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်မိကြသည်

ဟန်ဖန်းတောင် အပေါ်တွင် ရွှမ်းမင် မဟာပဏ္ဍိတသည် ဝမ်လင်း၏ ငရဲကမ္ဘာ ဖျက်ဆီးခြင်း အဆင့်နှင့် အလွှမ်းခြုံ ခံနေရချိန်တွင် သူ၏ဘေးတွင် နောက်ထပ် ရွှမ်းမင်ငယ် နှစ်ကောင်တို့က ပေါ်လာကြသည်။ တစ်ကောင်မှာ အထီးဖြစ်၍ ကျန်တစ်ကောင်မှာ အမဖြစ်၏။ ရွှမ်းမင်အထီးက ရွှမ်းမင် မဟာပဏ္ဍိတအား ကြည့်လိုက်ကာ ပြောလိုက်သည်။ "အဖေ… ကျွန်တော်က ဟိုတောက်တီနဲ့ သွားတွေ့လိုက်မယ်"

ရွှမ်းမင် မဟာပဏ္ဍိတ၏ မျက်နှာမှာ လေးနက်နေခဲ့၍ ဘာမှ မပြောခဲ့ပဲ သူ၏ခေါင်းအား ညိတ်လိုက်သည်။

ရွှမ်းမင်အမသည် လိုက်လာချင်နေခဲ့သော်လည်း ရွှမ်းမင်အထီးက ပြောလိုက်သည်။ "ဟိုတောက်တီက နတ်ဘုရားနယ်မြေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အတွင်းကို ဝင်ထားခဲ့တာ… ငါတို့အရှေ့က လူစုသက်သက်သာ ဟုတ်မယ်မထင်ဘူး… နင်လိုက်လာလည်း ဘာမှမထူးဘူး… ဒါ့အပြင် ဟိုတောက်တီက ငါ့ကိုပဲ တွေ့ချင်နေတာ"

"ဒီနေရာမှာ အေးအေးဆေးဆေး စောင့်နေပါ… ငါတို့ရဲ့ သမီးလေးကို ဘေးကင်းစွာနဲ့ ပြန်ခေါ်ခဲ့မယ်"

ရွှမ်းမင်အမက ပြန်ပြောလိုက်သည်။ "ဂရုစိုက်ပြီး သွားနော်… လျှိုလင်ကိုလည်း ဂရုစိုက်ဦး… ဟိုတောက်တီက သူမကို တစ်ခုခု လုပ်လိုက်ဦးမယ်"

ရွှမ်းမင်အထီးသည် အနက်ရောင် အဏ္ဏဝါ ရွှမ်းမင်ပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ထွမ်းထွမ်းနှင့် ပြင်းထန်သော တိုက်ပွဲအပြီးတွင် သူကလည်း သူမနှင့် အတူတူ ကြွေလွင့်လုနီးပါး ဖြစ်သွားခဲ့သည်။ ပြီးတာနှင့် သူ့ဖခင်၏ အကူအညီဖြင့် သူ၏ ရုပ်ကိုယ်ခန္ဓာအား ပြန်လည် တည်ဆောက်နိုင်ခဲ့သည်။

သူသည် ထွမ်းထွမ်းက သူ့အား လာရှာခဲ့ပြီး သူ့သမီးအား ပြန်ပေးဆွဲ ထားသည်ကို ကြားလိုက်ရသော အခါ အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။ သူ၏ မဟာရန်သူနှင့် ပြန်တွေ့ခဲ့ရသည့် အတိုင်း အမျက်ချောင်းချောင်း ထွက်နေခဲ့သည်။ သူ၏အရှေ့မှ ဝမ်လင်းသည် ရက်စက်သော စွမ်းအားများနှင့် ပြည့်နေသော်လည်း သူ၏ တိုက်ခိုက်လိုစိတ်ကို မပျောက်ကွယ်စေခဲ့ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeTempat cerita menjadi hidup. Temukan sekarang